တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော်၊ မတ် - ၃

          တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၂၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

          ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်ရှိ ပြည်ငြိမ်းအေးခန်းမ၌ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဆုပေးပွဲကို  ဆက်လက် ကျင်းပရာ စစ်မှုထမ်းကောင်းတံဆိပ်၊ သင်္ဂဟတံဆိပ်ရရှိသူများ၊ သင်တန်းများ တွင် ထူးချွန်ဆုရရှိသော အရာရှိ၊ စစ်သည်များ၊ အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများနှင် အိမ်ထောင်သည်လိုင်းခန်းသန့်ရှင်းရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အကောင်းဆုံးဆု ရရှိသော အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား  တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။