ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

နေပြည်တော်၊ မတ် - ၃

          ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ (၂၇)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်များ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

          ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် မိန့်ခွန်းပြောကြားပြီး စစ်ရေးပြ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ပွဲကို ဆက်လက်ကျင်းပရာ တစ်နှစ်တာအတွင်း စံပြဆုနှင့် သင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများ၊ တူညီဝတ် စုံနှင့် လိုင်းခန်းသန့်ရှင်းရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး အကောင်းဆုံး ဆုရရှိကြသော အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။