ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ မြို့မိမြို့ဖများအား တွေ့ဆုံ

ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး၊ ဌာနဆိုင်ရာဝန်ထမ်း များ၊ မြို့မိမြို့ဖများအား တွေ့ဆုံ

နေပြည်တော်၊ မတ် - ၃

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှု သည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကိုကိုးကျွန်းမြို့နယ်၊ နယ်မြေခံ တပ်ရင်း ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံ၍ စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ၎င်းနောက် ကိုကိုးကျွန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကိုကိုးကျွန်းမြို့နယ်အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများအား တွေ့ဆုံကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးခန်းမ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။