တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မတ် - ၃

          ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့တွင် ဂွမြို့ရှိ ခွဲစိတ်ကုသပြီးသော ဒေသခံပြည်သူ မျက်စိခွဲစိတ်လူ နာ ၁၂ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ခွဲစိတ်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် မျက်စိ အထောက်အကူပြု ပစ္စည်းများ ပေးအပ်သည်။

          ထို့နောက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ မျက်စိခွဲစိတ်လူနာများအား ဂွမြို့သို့ တပ်မတော်ရေယာဉ်ဖြင့် ပြန်လည်ပို့ဆောင်ပေးသည်။ ၎င်းနောက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန်အတွက် ဂွမြို့မှ သဗြုချိုင်သို့ ဆက်လက်ထွက်ခွာကြသည်။

          ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-

    “သာသနာ့ဗိမာန်မှာ ဆေးကုသပေးနေတယ်ဆိုတာကို သူများတွေပြောလို့ နယ်ကနေ လာကုတာပါ။ ကျွန်မတို့ဆီကနေဆိုရင်   ဆယ်မိုင်ခရီးပေါ့။   မျက်စိကတိမ်ဖြစ်လို့ လာကုတာပါ။  အခုခွဲပြီးတဲ့အခါကျတော့လည်း မြင်သွားပြီ။ မြင်သွားတော့ သင်္ဘောပေါ်မှာ စမ်းသပ်စစ်ဆေးပေးတဲ့  ဒီကဆရာတွေအားလုံးကို  မျက်စိသမားတွေရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်။ သင်္ဘောပေါ်ရောက်လာလည်း   စားဝတ်နေရေး ဘာမှပူစရာ မလိုဘူး။ အကုန်အဆင်ပြေတယ်။  တွဲသင့်တဲ့သူတွဲ ပိုးသင့်တဲ့သူပိုးပေါ့နော်။ လုပ်ပေးတဲ့အတွက် တာဝန်ရှိသူတွေ အားလုံးကို  ကျေးဇူးတင်ပါတယ်။  အမေကြီးကတော့ နဂိုကမျက်စိတစ်လုံးပဲမြင်ပြီးတော့ အခုနှစ်လုံးစလုံးမြင်ရတဲ့အတွက်   အမေကြီး မျက်စိမြင်သလို အဲ့ဒီပညာတတ်ကြီးတွေကိုလည်း    ဒီထက်အဆင့်မြင့် တိုးတက်အောင်မြင်တဲ့သူတွေ  ဖြစ်စေချင်ပါတယ်။

နောက်နောင်ကိုလည်း   ဒီထက်အများကြီး ဒီလိုပြုစုစောင့်ရှောက်ပေးနိုင်ပါစေလို့  အမေကြီးကတော့    ပြောချင်ပါတယ်။ နောက်နှစ် နောက်နှစ်တွေလည်း လာနိုင်ပါစေလို့ အမေကြီးက ဆုတောင်းပါတယ်။

“  သွားလမ်းသာလို့ လာလမ်းဖြောင့်ပြီးတော့ လိုရာခရီးကိုရောက်ပြီးတော့ ဒီထက်တိုးတက် အောင်မြင်တဲ့ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ပါစေလို့ ဆန္ဒပြုပါတယ်။ အခုလိုပေါ့နော် လာတဲ့အဖွဲ့တွေရော စီစဉ်ညွှန်ကြားပေးတဲ့ လူတွေရော    ပြုစုစောင့်ရှောက်ပေးတဲ့လူတွေရော အားလုံးကိုကျေးဇူးတင်ပါတယ် လို့။ ဒါရင်ထဲက စကားပါ”ဟုပြောသည်။

    “လူကြီးတွေကလာပြီးတော့ မျက်စိခွဲမလို့ လာဖို့တဲ့။ သင်္ဘောနဲ့ပေါ့။ တပ်မတော်က လာဖို့တဲ့။ စာရင်းလာကောက်သွားတယ်။ စာရင်းကောက်သွားပြီးတော့ လာပြောတယ်။ လာပြောတဲ့အခါကျတော့ ဗုဒ္ဓဟူးနေ့ကို ဒီဗိမာန်ကြီးမှာ လာပြဆိုတော့ လာပြတယ်။  ပြတော့ အဲ့ဒီနေ့ကခွဲဖို့အချိန်မမီတော့ မနေ့မှ တစ်ခါ ထပ်ပြတာပါ။ ပြလည်းပြီးရော တစ်နာရီမှာ ခွဲပေးပါတယ်။ ကျေးဇူးလည်း တင်ပါတယ်”ဟုပြောသည်။

“သာသနာ့ဗိမာန်ကနေ သင်္ဘောပေါ်ကို  ကားနဲ့ သူကဟိုဘက်ကနေ ခေါ်လာတယ်။ ခေါ်လာပြီးတော့မှ ဇက်ပေါ်ရောက်တယ်။ အဲ့ဒီဇက်ပေါ်ကနေမှ  ဒီသင်္ဘောကြီးပေါ်ကို လာခဲ့ရတယ်။ လိုလေသေးမရှိ အဆင်ပြေတယ်။ အားလုံးလိုလေသေးမရှိ  မနက်စာလည်းကျွေးတယ်။ ညစာလည်းကျွေးတယ်။ တာဝန်ကျေပါတယ်။ကျေးဇူးလည်းတင်တယ်။ နိုင်ငံတော်အကြီးအကဲနဲ့ ယခုလွှတ်လိုက်တဲ့ဆရာတွေ၊ အဖွဲ့သားတွေအကုန်လုံးကိုလည်း နောက်နှစ်တွေမှာလည်း လာစေချင်တယ်။     လာနိုင်အောင်လည်း ဆုတောင်းပေးပါတယ်”ဟုပြောသည်။