မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃ ခုနှစ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်းဖွင့်ပွဲ အခမ်းအနား ၊၂၀၂၃ခုနှစ်၊ မွန်ပြည်နယ် (၁၀)မြို့နယ်(၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း- ၂၀၂၃ ခုနှစ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်းဖွင့်ပွဲ အခမ်းအနား ၊၂၀၂၃ခုနှစ်၊ မွန်ပြည်နယ် (၁၀)မြို့နယ်(၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ  ဖွင့်ပွဲ အခမ်းအနား နှင့်မုဒုံမြို့နယ်အတွင်း  နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်တည်ဆောက်ရာတွင်ပါဝင်သော လယ်ယာမြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ အဆောက်အဦ တန်ဖိုးလျော်ကြေး ပေးအပ်ခြင်းအ​ပေါ် ကြည့်ရှုအား​ပေး

နေပြည်တော်၊ မတ် -၃

၂၀၂၃ ခုနှစ် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လမြိုင်မြို့၊ ရာမညအားကစားကွင်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ရာမညအားကစားကွင်း​၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ဇနီး၊ အ​ရှေ့​တောင်တိုင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦနှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်​ရောက်သည်။

အခမ်းအနားတွင် ရာမညအားကစားကွင်းအား ပြည်နယ်ဝန်ကြီးချုပ်၊တိုင်းမှူး ပြည်နယ်ဝန်ကြီးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်​ပေးခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ခဲ့ပြီး  အမှတ်တရ စု​ပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပြီး ရာမညအားကစားကွင်း ကဗ္ဗည်းမော်ကွန်းအား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အမွေးနံ့သာများဖြင့် ပတ်ဖြန်းခဲ့ကြသည်။

ထို့​နောက် ၂၀၂၃ခုနှစ်၊ မွန်ပြည်နယ် (၁၀)မြို့နယ်(၁၈) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ  ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားသည်။ ယင်း​နောက်  ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားအဓိဌာန်(၄)ချက် ရွတ်ဆိုခဲ့ကြသည်။

၎င်းနောက် အမှတ်(၈) အ​ခြေခံပညာအထက်တန်း​ကျောင်း (မော်လမြိုင်)၊ အမှတ်(၉)အ​ခြေခံပညာ အထက်တန်း​ကျောင်း (မော်လမြိုင်)တို့မှ ဘင်ခရာအဖွဲ့၊ ကျောင်းသား/ သူများက ပန်းပွားအကဖြင့် လည်းကောင်း၊ မွန်တိုင်းရင်းသားအဖွဲ့ က တိုင်းရင်းသား အကများဖြင့် လည်းကောင်း၊ မြန်မာသိုင်းအဖွဲ့မှ သိုင်းသရုပ်ပြဖြင့် လည်းကောင်း၊ Physical Fitness Dance အကအဖွဲ့မှ အကများဖြင့် လည်းကောင်း အသီးသီး​​ဖျော်​ဖြေတင်ဆက် ခဲ့ကြမှုအ​ပေါ် ကြည့်ရှု့အား​ပေးခဲ့ကာ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ မီတာ(၁၀၀)နှင့် မီတာ(၄၀၀)အမျိုးသား/အမျိုးသမီး အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အားကစားနည်းအလိုက် ပြိုင်ပွဲဝင် အားကစားသမားများ၏ ဝင်​ရောက်ယှဉ်ပြိုင်ပွဲ​နေမှုအ​ပေါ် ကြည့်ရှု့အား​ပေးခဲ့ကြပြီး ပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊တတိယ ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့​ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မုဒုံမြို့၊ ရွှေဟင်္သာခန်းမသို့ ရောက်ရှိလာ ခဲ့ပြီး  မုဒုံမြို့နယ်အတွင်း  နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်တည်ဆောက်ရာတွင်ပါဝင်သော လယ်ယာမြေများအတွက် မြေယာလျော်ကြေး၊ သီးနှံလျော် ကြေး၊ အဆောက်အဦ တန်ဖိုးလျော်ကြေးပေးအပ်ခြင်းအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။

ထို့​နောက် ဝန်ကြီးချုပ်က လယ်ယာမြေလျော်ကြေး ရရှိသည့် တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်း​ဆောင်ရွက်​ပေးခဲ့သည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ​တွေ့ဆုံ၍ နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာ ​လေဆိပ်စီမံကိန်း အ​ကောင်အထည်​ဖော် ​ဆောင်ရွက်နိုင်​ရေး ​မြေ​နေရာ​လျှော်​ကြေးများ တွက်  သတ်မှတ်ကာလ ဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်​အောင် ​ဆောင်ရွက်ကြရန် လေဆိပ်စီမံကိန်း ဧရိယာ အတွင်း ​မြေ​နေရာများအ​ပေါ် ​မြေအမျိုးအစားအလိုက် အသုံးပြုသည့် အ​​ခြေအ​နေများ​ပေါ်မူတည်၍ ​မြေယာ​​လျှော်​ကြေး ​ပေး​ချေရာတွင် မှန်ကန်တိကျမှုရှိ​စေ​ရေး ​ဆောင်ရွက်ကြရန် ​ပြောကြားကာ လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သတင်းရရှိသည်။