၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးတို့မှ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ် ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်

၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးတို့မှ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ် ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်

နေပြည်တော်၊ မတ် - ၅

 ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးတို့မှ ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် များ ဆက်ကပ်ပူဇော်ပွဲများနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲများကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့ရှိ သက်ဆိုင်ရာနေရာများ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင် များ အသီးသီးတက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များ အား သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့ရှိ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝင်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ ဆရာတော်ကြီးများထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့ရှိ ဆရာတော်ကြီးများက သမ္မောဒနီယဩဝါဒကထာ မြွတ်ကြားပြီး ဆရာတော်၊ သံဃာတော်များက ပရိတ်တရားများရွတ်ပွား ချီးမြှင့်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့ရှိ တာဝန်ရှိသူများက သာသနာရေးဆိုင်ရာ များ လျှောက်ထားသည်။ ယင်းနောက် ဘွဲ့ခံဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် လူပုဂ္ဂိုလ်တို့အား ဘွဲ့တံဆိပ်တော်များ အသီးသီး ဆက်ကပ်လှူဒါန်းချီးမြှင့်ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး ရှိ ဆရာတော်ကြီးများထံမှ အနုမောဒနာတရား နာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များက ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများ လောင်းလှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။