တောင်ငူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြတ်စောညီနောင်စေတီတော်မြတ်ကြီး ဗုဒ္ဓ ပူဇနိယပွဲတော် အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်စိန်းလောင်းလှူပူဇော်ပွဲကျင်းပ
နေပြည်တော်၊ မတ် - ၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြတ်စော ညီနောင် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော် အောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ယနေ့ညနေပိုင်းတွင် အဆိုပါစေတီတော် စောင်းတန်း၌ပြုလုပ်ရာ နိုင်ငံတာ်ဩဝါဒါစရိယ သံဃာ့နာယကအဖွဲ့၊ တောင်ငူ မြို့၊ ကြာနီကန်စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တ သူရိယ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း၊ တာဝန်ရှိသူများနှင့် စေတနာရှင် ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကြာနီကန်စာသင်တိုက် ဦးစီးပဓာန နာယကဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည် ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား ဆွန်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။