တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ မျက်စိခွဲစိတ်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းရှိ မျက်စိခွဲစိတ်လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်

နေပြည်တော်၊ မတ် - ၆

          ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် သံတွဲမြို့နယ်၊ ကျောက္ကလပ် ကျေးရွာအုပ်စု သဗြုချိုင်ကျေးရွာ နှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ခွဲစိတ်ကုသပြီးသော မျက်စိခွဲစိတ်လူနာ ၁၁ ဦးအား ဆေးရုံရေယာဉ်ပေါ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင် ရွက်ပေးပြီး ခွဲစိတ် လူနာများအား မျက်မှန်များ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် မျက်စိ အထောက်အကူပြု ဆေးပစ္စည်းများ ပေးအပ်သည်။

          ထို့နောက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)မှ မျက်စိခွဲစိတ် လူနာများအား သဗြုချိုင် ကျေးရွာသို့  ပြန်လည်ပို့ဆောင်ပေးသည်။ ၎င်းနောက် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရန်အတွက် သဗြုချိုင်ကျေးရွာမှ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာသို့ ဆက်လက်ထွက်ခွာကြသည်။

          ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြား သိခဲ့ရပါတယ်-

 

အခုလို    မျက်စိခွဲစိတ်ကုသပေးတဲ့ အတွက် အားလုံးကိုကျေးဇူး တင်ပါတယ်။ ပျော်လည်းပျော်တယ်။       အခုလို ကုသပေးတဲ့အတွက် ခလုတ်မထိ ဆူးမငြိ ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ အရင်က မျက်စိတစ်လုံးကကွယ်နေတာ အခုတော့ ပြန်မြင်လို့ဝမ်းသာပါတယ်။ ကိုယ့်ကိုကုသ ပေးတဲ့ ဆရာ၊ ဆရာမတွေကိုမြင်ရတော့ ဝမ်းသာမိပါတယ်။ စားရေးသောက်ရေး အတွက် အစစအရာရာစီစဉ်ပေးတဲ့အတွက် လည်း ကျေးဇူးတင်ပါတယ်လို့ပြောလိုပါတယ်ဟု ပြောသည်။ကျွန်တော်အစက မျက်စိကမှုန်တယ်။ မမြင်ရဘူး။ အခုတော့ အားလုံးကို လင်းလင်းထင်းထင်း သဲသဲကွဲကွဲမြင်ရပြီဆိုတော့ ဝမ်းသာပါတယ်။ စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာဆိုတဲ့ဆောင်ပုဒ်နဲ့အညီ သင်္ဘောကြီးနဲ့ လာရောက် ဆေးကုသပေးတဲ့အတွက် အထူးဝမ်းသာပါတယ်။ အဲဒါကြောင့် ပါရဂူကြီးတွေ အပါအဝင် ဆေးအဖွဲ့အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဝမ်းလည်းသာပါတယ်။ သံလွင်သင်္ဘောကြီးနဲ့ ကမ်းခြေဒေသတွေ မှာရှိတဲ့ ဒေသခံပြည်သူတွေကို   အခုလိုဆေးကုသမှုပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မျက်စိရောဂါတစ်ခုတည်းမဟုတ်ဘဲ ရောဂါပေါင်းစုံကိုကုသပေးနေတဲ့အတွက်  ဆေးရုံ၊ ဆေးခန်းမသွားနိုင်တဲ့ သူများအတွက် အထောက်အကူအများကြီး ဖြစ်ပါတယ်။

နောက်ကိုလည်း အခုလိုလာရောက်ဆေး ကုသဖို့ဖိတ်ခေါ်ပါတယ်။ သွားရေးလာရေး ခက်ခဲတဲ့ဒေသတွေကို အခုလိုဆေးကုသမှု တွေဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီး အကဲကိုလည်း ကျေးဇူးတင်ပါတယ်ဟု ပြောသည်။