ယနေ့ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးတွေ့ လူနာသစ် မရှိ

နေပြည်တော်  ဇူလိုင်  ၃၁ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် နာရီနှင့် နာရီ တို့တွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်များအရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာသစ် မရှိကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ချက်များတွင် (၃ဝ--၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာ၌ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၉၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိပါ။ (၃ဝ--၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမ+ဒုတိယအသုတ် ဓာတ်ခွဲနမူနာ ၃၅၇ ခု၊ ဆေးသု တေသန ဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၂၅ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာန(မန္တလေး) (PHL,Mandalay) မှ ဓာတ်ခွဲနမူနာ ၉၂ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL,Mawlamyine) မှ ဓာတ်ခွဲနမူနာ ၂၇၃ ခု စုစုပေါင်း ၈၄၇ ခုကို စစ်ဆေးခဲ့သည်။ (၃၁--၂ဝ၂ဝ)ရက်အတွက် COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးရာတွင် ဆေးသုတေ သနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၂ဝ၆ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲ နမူနာ ၁၈၇ ခုနှင့် ရန်ကုန်မြို့ အမှတ်() တပ်မတော်ဆေးရုံကြီး ခုတင်-၁ဝဝဝ မှ ဓာတ်ခွဲနမူနာ ၁၆၈ ခု စုစုပေါင်း ၅၆၁ ခုအား ယနေ့ညနေတွင်  စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိပါ။ (၃၁--၂ဝ၂ဝ) ရက် နာရီအထိ မြန်မာနိုင်ငံတွင်  COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ ၃၅၃ ဦးရှိသည်။ ဓာတ်ခွဲအတည်ပြုလူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာ စစ်ဆေးမှု တွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူတစ်ဦး (Case-340) ရှိသဖြင့် ယနေ့အထိ COVID-19 ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၂၉၆ ဦးရှိသည်။ ၎င်းတို့အနက် ၂၈၁ ဦးအား ဆေးရုံမှဆင်းခွင့် ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူခြောက်ဦးရှိသည်။ (၃ဝ--၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီမှ (၃၁--၂ဝ၂ဝ)ရက် မွန်းတည့် ၁၂ နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာ အသစ် ၁၅ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထား သည်။