ရွှေတိဂုံ စေတီတော် ပြန်လည် ဖွင့်လှစ်နိုင်ရေး စီမံချက်ရေးဆွဲကာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသို့ တင်ပြထား

ရန်ကုန်၊ သာသနာရေး

COVID- 19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း ယာယီပိတ်ထားသည့် ရွှေတိဂုံစေတီတော်အား ပြန်လည် ဖွင့်လှစ်နိုင်ရေး     စီမံချက်ရေးဆွဲကာ  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့တင်ပြထားကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။ ''အွန်လိုင်းကနေလျှောက်ပြီး ဘုရားဖူး လို့ရတယ်ဆိုတာက ကျွန်တော်တို့အနေနဲ့ စီမံချက်အသေးစိတ်ကိုရေးပြီး သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကို တင်ပြ တုန်းပဲရှိပါသေးတယ်။ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌာနကနေ COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုး သားအဆင့်  ဗဟိုကော်မတီကို  ဆက်ပြီး တင်ပြ ညှိနှိုင်း ကြဦးမှာပါ။  အဆင့်တွေက တော့များတယ်။ စီမံချက်ကို COVID- 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက အတည်ဖြစ်မှ  ဒီစီမံချက်က အကောင်အထည်ပေါ်မှာပါ။ စီမံချက်ရေးဆွဲတဲ့အဆင့်ပဲရှိသေးတယ်'' ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင်  ဦးအေးထွန်းကပြောသည်။ ရွှေတိဂုံစေတီတော်ပြန်လည်ဖွင့်လှစ်ပါက ဘုရားဖူးခြင်း၊ တရားထိုင်ခြင်း၊ အဓိဋ္ဌာန် ဝင်ခြင်းများအတွက် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ညွှန်ကြားချက်များနှင့်အညီ Social Distancing ဖြစ်စေရေး သုံးပေစီခြား၍ ဘုရားဖူးနိုင်ရန်  စီစဉ်ဆောင်ရွက်ထား ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ ရုံးမှ သိရသည်။ ရွှေတိဂုံစေတီတော်ရှိ အာရုံခံတန်စောင်း လေးခု၊ ရွှေတိဂုံ ဘိုးဘိုးကြီးနှင့် လောကပါလ မယ်တော်ကြီး  စသည့် နေရာတို့၌  ပြည် တွင်းဘုရားဖူးများ ဝတ်ပြုခြင်း၊ ဆုတောင်း ခြင်းနှင့် အဓိဋ္ဌာန်ဝင်ခြင်းများ ပြုလုပ်နိုင်ရန် စီစဉ် ဆောင်ရွက် ပေးထားပြီး ဂြိုဟ်တိုင်များနှင့် ရွှေသင်္ကန်းကပ်သည့်နေရာများ၌ တန်းစီစနစ်ဖြင့် ပူဇော်ကပ် လှူခွင့် ရရှိရန်  ခွင့်ပြုပေးမည်ဖြစ်သည်။ ပြည်တွင်းဘုရား ဖူးများအနေဖြင့် Mask တပ်ဆင်ခြင်းနှင့်  လက်ဆေးခြင်း များပြုလုပ်ကြရမည်ဖြစ်ပြီး  အပူချိန်တိုင်းခြင်းကို ခံယူကြရမည်ဖြစ်ကာ အာရုံခံတန်စောင်းအပါ အဝင် တခြား နေရာ များ၌ စနစ်တကျဘုရားဖူးနိုင်ရန် အကွက် များရေးဆွဲပေးထားမည်ဖြစ်သည်။ ထို့ပြင် ရွှေတိဂုံစေတီတော်၌ ပိုးသတ် ဆေးဖျန်းရုံလေးခုကို အထူးအစီအစဉ်ဖြင့်  တပ်ဆင်ထားရှိပြီး နိုင်ငံခြား ခရီးသွား ဧည့်သည်များ အနေဖြင့် အဆိုပါ ပိုးသတ်ဆေး ဖျန်းရုံများမှ တစ်ဆင့် ဖြတ်သန်းဝင်ရောက် နိုင်ရန် စီစဉ် ထားကြောင်း သိရသည်။                           ဝန်းရံခ