ရန်ကုန် ဇူလိုင် ၁၃
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန ဆေးသုတေသနဦးစီးဌာနသို့ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံအစိုးရ၊ Telecom International Myanmar Co.,Ltd.(Mytel) နှင့် The Bank of Investment and Development of Vietnam (BIDV) တို့မှ အလှူငွေနှင့် Face Mask များ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသန ဦးစီးဌာန (ရုံးချုပ်) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံသံအမတ်ကြီး Mr.Ly Quoc Tuan က လှူဒါန်း ရခြင်းနှင့်စပ်လျဉ်း၍ အမှာစကားပြော ကြားပြီး ဆေးသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံ မြန်မာနိုင်ငံ ဆိုင်ရာ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး Mr.Ly Quoc Tuan၊ Telecom International Myanmar Co.,Ltd.(Mytel) နှင့် The Bank of Investment and Development of Vietnam(BIDV) တို့မှ တာဝန်ရှိသူများက အလှူငွေနှင့် Face Mask များ ပေးအပ်လှူဒါန်းပြီး ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်သည်။ ယနေ့လှူဒါန်းပွဲတွင် (COVID-19) ရောဂါကာကွယ် နိုင်ရန်အတွက် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ ငါးသောင်း၊ ဆေးသုတေသန ဦးစီးဌာနသို့ International Myanmar Co.,Ltd. (Mytel) က အမေရိကန်ဒေါ်လာငါးထောင်နှင့် Face Mask သုံးသောင်း၊ The Bank of Investment and Development of Vietnam (BIDV) က ငွေကျပ်သိန်း နှစ်ဆယ်ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မင်းသစ် (MNA)