နေပြည်တော် ဇူလိုင် ၁၂
၂ဝ၂ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင်ကျရောက်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကမ္ဘောဒီး ယား နိုင်ငံတို့အကြား သံတမန်ဆက်သွယ်မှုထူထောင်သည့် (၆၅)နှစ်မြောက်အခါသမယတွင် နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်နှင့် ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီတို့သည် လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ကမ္ဘောဒီးယား နိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်တို့သည် လည်းကောင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး အပြန်အလှန် ပေးပို့ခဲ့ကြသည်။