မြိတ်မြို့၌ ဇူလိုင် ၁၉ ရက်မှစတင်၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည်

မြိတ်၊ လူမှုရေး တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း အတွက် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိထားသော Petro and Trans Co.,Ltd. မှ ယခုလ၁၉ ရက်မှ စတင်၍ တာဝန်ယူ ဖြန့်ဖြူးသွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Petro and Trans Co.,Ltd. မှ မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် ၂ဝ မဂ္ဂါဝပ်ဖြင့်   ငါးနှစ် လုပ်ကိုင်ခွင့် ရရှိထားပြီး  တင်ဒါစာချုပ်ပါ စည်းမျဉ်းအတိုင်း ပထမသုံးလကို တစ်ယူနစ် လျှင် ငွေကျပ် ၂၉၂ကျပ် နှုန်းဖြင့် သတ်မှတ်ထားပြီး သုံးလတစ်ခါ တိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် အစည်းအဝေးပြု လုပ်ကာ အမေရိကန် ဒေါ်လာဈေးနှင့် မြန်မာငွေကျပ် လဲလှယ်မှုဈေးနှုန်းကို အခြေခံပြီး တစ်ယူနစ် ဈေးနှုန်းကို ပြင်ဆင် ပြောင်းလဲ သတ်မှတ်သွား မည်ဖြစ်ကြောင်း၊ မီးအသုံးပြု ပြည်သူများ အနေဖြင့် ဇူလိုင်လအတွက် တစ်ယူ နစ်ကို ငွေကျပ် ၂၉၂ ကျပ်နှုန်းဖြင့် ၁၉ ရက်မှ စတင်ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း   သိရသည်။