ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် နတ်မောက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တို့မှ ပြခန်းများကို အာဇာနည်နေ့တွင် Online  မှ ပြသသွားမည်

ရန်ကုန်  ဇူလိုင်  (၇၃) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက် (နတ်မောက်)တို့အား COVID-19 ရောဂါကာလတွင်  ခေတ္တ ပိတ်ထားမည်ဖြစ်သော်လည်း အများပြည်သူ ကြည့်ရှုနိုင်ရန် Online သုံးခုမှ ပြသပေးသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်   အမျိုးသား ပြတိုက်ဦးစီးဌာန(ရန်ကုန်)မှ သိရသည်။ အာဇာနည်နေ့မတိုင်မီ ဇူလိုင် ၁၆ ရက် မှစ၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်တို့မှ ပြခန်းများကို  http://www.national-museumyangon.gov.mmwebsite လည်းကောင်း၊http://www.facebook/ nationalmuseumyangonတွင် လည်းကောင်း၊ http://www.generalaungsan-museum. comတို့တွင် လည်းကောင်း အများပြည်သူများ အနေဖြင့်  ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ '' COVID-19 ကာလမှာ ညွှန်ကြားချက်အရ ပြတိုက်ဖွင့်လှစ်ဖို့ မရှိပေမယ့် COVID-19 အလွန်ကာလမှာ ဖွင့်လှစ်ဖို့ ညွှန်ကြားချက်ရှိလာရင် တစ်ဦးကို ပေအကွာကနေ ပြတိုက်အတွင်းမှာ ကြည့်ရှုဖို့ဆောင်ရွက်ထားပါတယ်''ဟု   တာဝန်ရှိသူတစ်ဦးက  ပြောသည်။ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်တွင် ဗိုလ်ချုပ်အောင်ဆန်း ငယ်စဉ် ဘဝပုံရိပ်များကိုပြသထားပြီး ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို()ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း)ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)တွင် ၁၉၄၅ ခုနှစ် မေလ မှ ၁၉၄၇ ခုနှစ် ဇူလိုင်လ ဗိုလ်ချုပ်‌‌အောင်ဆန်း လုပ်ကြံခံရသည်အထိ နေထိုင်ခဲ့သော ပုံရိပ်တို့ကို ပြသထားရာ ဇူလိုင် ၁၆ ရက်မှစတင်၍  ပြတိုက်နှစ်ခုအား Online သုံးခုမှ အများပြည်သူ ကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပြသ သွားမည်ဖြစ်ကြောင်း သိရသည်။