နေပြည်တော် ဇူလိုင် ၇
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် နော်ဝေနိုင်ငံ သံအမတ်ကြီး Ms.Tone Tinnes အား ယနေ့နံနက် ၁ဝ နာရီခွဲတွင် Virtual Meeting ဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှုများနှင့် နော်ဝေနိုင်ငံမှ ကူညီဆောင် ရွက်နေ မှုများ၊ ကမ္ဘာ့နိုင်ငံ အားလုံး၏ လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review-UPR) ဆိုင်ရာ အကြံပြုတိုက်တွန်း ချက်များ အကောင်အထည်ဖော်ရေးနှင့် အစီရင်ခံစာ ရေးသား ပြုစု တင်ပြနိုင်ရေးအတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ဆောင်ရွက်နေမှုများ၊ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် (Independent Commission of Inquiry-ICOE)၏ အစီရင်ခံစာကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထား သော ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့က ဆောင်ရွက် လျက်ရှိသည့် ကိစ္စရပ်များ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် နော်ဝေနိုင်ငံ သံရုံးတို့အကြား ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့် နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးတို့ တက် ရောက်ကြ ကြောင်း သိရသည်။