၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ငွေကျပ် ၆၈၄ ဒသမ ဝ၄ သန်းအထိ ဆုံးရှုံးမှုရှိခဲ့သည့် မီးလောင်မှု အကြိမ် ၁၉ဝ ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးထံမှ သိရသည်။
အဆိုပါမီးလောင်မှုများတွင် ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှု ၄၅ ကြိမ်၊ မီးဖိုမီးကြောင့်လောင်ကျွမ်းမှု ၄၆ ကြိမ်၊ လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု ၃၈ ကြိမ်၊ ရှို့မီးကြောင့် လောင်ကျွမ်းမှု ၃၈ ကြိမ်၊ အလိုအလျောက်လောင်ကျွမ်းမှု လေးကြိမ်၊ တောမီးကြောင့် လောင်ကျွမ်းမှု ၁၇ ကြိမ်၊ မိုးကြိုးမီးကြောင့်လောင်ကျွမ်းမှု နှစ်ကြိမ် စုစုပေါင်း မီးလောင်ကျွမ်းမှု အကြိမ် ၁၉ဝ ရှိသည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မီးလောင်မှု၂ဝ၆ ကြိမ်ဖြစ်ပွားမှုကြောင့် တန်ဖိုးငွေကျပ်၂၂ဝ ဒသမ ၉၃ သန်း ဆုံးရှုံးခဲ့ကြောင်း သိရသည်။