အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ မြန်မာ့သိုင်းသင်တန်း ဖွင့်လှစ်

နေပြည်တော်၊ မတ် - ၁၇

          အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/တပ်ဖွဲ့ များမှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီမြန်မာ့သိုင်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် စစ်တွေတပ်နယ်ရှိ ဗန္ဓုလခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများ နှင့် သင်တန်းနည်းပြများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်အသီးသီး၌လည်း မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲများကို သတ်မှတ်နေရာ အသီးသီး၌ ပြုလုပ်ကြသည်။

          အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်း သား၊ သင်တန်းသူ  ၈၇၄ ဦးဖြင့် သင်တန်းကာလ ၄ ပတ်အကြာ ဖွင့်လှစ်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။