Covid -19 ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask  များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၈    
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် ြေျု များကို ပြည်သူများ Covid -19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသုံးပြု နိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းလျက်ရှိသည်။    
ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  အနေဖြင့် Mask ၅၀၀ ခုကို ကျိုင်းတောင်းမြို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် အနေဖြင့် Mask ၃၀၀၀ ခုကို ပုလောမြို့နယ်၊ ပလောက်မြို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေဖြင့် Mask ၃၀၀၀ ခုကို ရွှေပြည်သာမြို့နယ်၌ လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၁၀၀၀ ခုကို တောင်ငူမြို့၌ လည်းကောင်း အများပြည်သူ ဖြတ်သန်းသွားလာလျက်ရှိသည့် နေရာများတွင် ဒေသခံပြည်သူတစ်ဦးချင်း၏ လက်ဝယ်သို့အရောက် အခမဲ့ပေးေ၀ လှူဒါန်းကြသည်။    
Covid -19 ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက် အကူဖြစ်စေရန်အတွက် Mask များကို အခမဲ့ ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။