ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုများဖြစ်ပေါ်ခဲ့ပြီး မြစ်ကမ်းနဘေးရှိ နေအိမ်များအား အန္တရာယ်မဖြစ်စေရေး ကူညီရွှေ့ပြောင်းပေး

နေပြည်တော်၊ အောက်တိုဘာ - ၂၈    
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအနီးရှိ ဧရာ ဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုများဖြစ်ပေါ်ခဲ့ရာ မြစ်ကမ်းနဘေးရှိ နေအိမ် များ အန္တရာယ်မဖြစ်စေရေးအတွက် အောက်တိုဘာ ၂၇ ရက်နှင့် ယနေ့တို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ပခုက္ကူတပ်နယ်မှ တပ်မတော်သားများက ရေစကြိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ မြစ်ကမ်းနဘေးရှိ နေအိမ် ၃၄ လုံးကို ကူညီရွှေ့ပြောင်းပေးခြင်းများ ဆောင်ရွက်ပေးပြီး ရွှေ့ပြောင်းအိမ်ထောင်စုများ အတွက် ဆန် ၇ အိတ်၊ ကြက်ဥ ၂၀၀ လုံးနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိသည်။