နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၈    
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ဒေသခံပြည်သူ များ၏ မျက်စိခွဲစိတ်ကုသရေးနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်ရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် နွားထိုးကြီးမြို့ရှိ အလည်ကျောင်းပရိယတ္တိစာသင်တိုက်၌အခြေပြု၍ သံဃာတော် ၄ ပါးနှင့် ဒေသခံပြည်သူ ၂၁၈ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းင်းတို့အနက်မှ အတွင်းတိမ်ခွဲစိတ်ကုသမှု ၁၁ ဦး၊ အသေးစားမျက်စိခွဲစိတ် လူနာ ၃ ဦး၊ စုစုပေါင်းမျက်စိခွဲစိတ်ကုသလူနာ ၁၄ ဦးကို ရွေ့လျားခွဲစိတ်ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသည်။ ထို့ပြင် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူ ၅ ဦးကို သက်ဆိုင်ရာတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုအားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာ ရှင်များအား မျက်မှန်များတပ်ဆင်ပေးပြီး ဆေးကုသမှုလာရောက်ခံယူသည့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက နေ့လယ်စာထမင်း၊ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။    
တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသ ယာဉ်တစ်စီးပါဝင်ပြီး အဆိုပါမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့် အခြား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့်အညီ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။