ပြည်မြို့နယ်၊ ကုန်းသာလင်းကျေးရွာရှိ ဒေသခံပြည်သူများအတွက် ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၈    
Covid-19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေ သည့် ကာလအတွင်း သွားလာမှုများကန့်သတ်ချက်များကြောင့် ဒေသခံပြည်သူများ စားရေးတွင် အထောက်အကူဖြစ်စေရန်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ပေးအပ်လှူဒါန်းလျက် ရှိသည်။    
ထိုသို့ ပေးလှူဒါန်းလျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ကုန်းသာလင်းကျေးရွာရှိ အိမ်ထောင်စု ၂၃၀ စုအတွက် အိမ်ထောင်စု ၁ စုလျှင် ဆန် ၃ ပြည်နှုန်းဖြင့် စုစုပေါင်းဆန် ၂၉ အိတ်အား  တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်း ရာ ဒေသခံပြည်သူများက လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။