(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဖိတ်ခေါ်ကြက်တောင် ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော်၊ မတ် - ၂၄
(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အဖြစ် ဖိတ်ခေါ်ကြက်တောင် ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ အဖွင့်ပွဲစဉ် ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ပြိုင်ပွဲကို မန္တလေးမြို့ပေါ်ရှိ ကလပ်အသင်းများမှ ကြက်တောင်အားက စားသမား အမျိုးသား ၅၄ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်းပြိုင်ပွဲဝင်အားကစားသမား ၅၇ ဦးဖြင့် အကြီးတန်းတွင် အုပ်စု ၄ စု၊ အလတ်တန်းတွင် အုပ်စု ၆ စုခွဲ၍ ပြိုင်ပွဲ အမျိုးအစား ၂ မျိုးဖြင့် မတ် ၂၆ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။