ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ

နေပြည်တော်၊ မတ်လ ၂၄

          စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

          ဖြစ်စဉ်မှာ မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြကန်ကျေးရွာအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများဆောင်ရွက်နေစဉ် အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ လက်လုပ်စိန်ပြောင်း ၁၀ လက်၊ လက်လုပ်ရှေ့ ထွက်မိုင်း ၃ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ ၁၂ ဗို့ကျည် ၂၂ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာ အင်္ကျီတွင်ထည့်သောသံပြား ၂ ချပ်၊ ဆိုင်ကယ်ဘက္ထရီအိုး ၂ လုံး၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ရှာထိုး ဦးထုပ် ၁ လုံး၊ ပြောက်ကျားလည်တိုဖိနပ် ၃ ရံ၊ လက်လုပ် စိန်ပြောင်း ဒေါက်တိုင် ၄ ချောင်း၊ ဝါးညှပ် ၃ ခု၊ ဆေးထိုးပိုက် 20 CC ၂၀ ချောင်း၊ အရှည် ၃၀ ပေခန့်ရှိ ဝိုင်ယာကြိုး ၃ ခွေ၊ အရှည် ၂၀၀ ပေခန့်ရှိ နိုင်လွန်ကြိုး ၁ ခွေနှင့် အရှည် ၁၀၀ ပေခန့်ရှိ ငါးမျှားကြိုး (တိုက်ကြိုး) ၁ ခွေတို့အား သိမ်းဆည်းရမိခဲ့ သဖြင့် စနစ်တကျဖျက်ဆီးခဲ့ကြောင်း သိရသည်။

          ထိုသို့ နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိ နိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။