ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် 

  ၂၀၂၃ ခုနှစ်၊ မတ်လ ၂၆ ရက်

၁။     ကရင်ပြည်နယ် မြဝတီမြို့ရှိ မြဝတီကုန်သွယ်ရေးဇုန်အား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် KNU ခွဲထွက် KKO အမည်ခံအကြမ်းဖက် အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ် တို့ဖြင့် ပစ်ခတ်တိုက်ခိုက်၍  လုံခြုံရေးတပ်ဖွဲ့ဝင် ၃ ဦး၊ အကောက်ခွန် ဝန်ထမ်း ၁ ဦး၊ အပြစ်မဲ့ပြည်သူ ၁ ဦး  သေဆုံးခဲ့ရခြင်း၊ သေဆုံးသူများ၊ နိုင်ငံပိုင်အဆောက် အဦနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရှိရပါ သည်။

၂။     အဆိုပါလုပ်ရပ်သည် နိုင်ငံတော်အစိုးရမှ နိုင်ငံတော်စီးပွားရေး တည်ငြိမ် တိုးတက် အောင်ဆောင်ရွက်နေမှု၊ ကရင်ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်စေမှုများကို ဖျက်ဆီးနှောင့် ယှက်ခြင်းသာမကဘဲ  ၎င်းကုန်သွယ်ရေးဇုန်ကို အမှီပြုလျက်ရှိ သည့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကိုပျက်ပြားစေရန် ရည်ရွယ်လုပ် ဆောင်ခြင်း၊ လူသားမဆန်သော စစ်ရာဇဝတ်မှုကျူးလွန်ခြင်း လုပ်ရပ်ဖြစ်သည့် အတွက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို) အသင်းကြီးအနေဖြင့် ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါကြောင်း ထုတ်ပြန်အပ်ပါသည်။

 

 

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)