ဘာစီလိုနာအသင်း ကစားသမားစာရင်းမှ ဖယ်ရှားခံရသည့် ဂါဗီကို ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတချို့က ခေါ်ယူရန်ပြင်ဆင်နေ
စပိန်လာလီဂါ ဘောလုံးအဖွဲ့ချုပ်က ဘာစီလိုနာအသင်းနှင့် အဓိကလူငယ်ကစားသမားဂါဗီတို့ ချုပ်ဆိုထားသည့်စာချုပ်ကို အသိအမှတ်မပြုဘဲ ပယ်ချခဲ့ကာ စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင်လည်း ဂါဗီကို ဘာစီလိုနာအသင်းကစားသမားစာရင်းမှဖယ်ရှားခဲ့ပြီးနောက် ပရီးမီးယားလိဂ် ထိပ်တန်းအသင်းကြီးတချို့က အပြိုင်ခေါ်ယူရန်ပြင်ဆင်မှုများပြုလုပ်နေကြောင်း သိရသည်။
အသက် ၁၈ နှစ်သာရှိသေးသည့် ဂါဗီသည် ပြီးခဲ့ သည့်ဘောလုံးရာသီက လူငယ်အသင်းမှကစားသမား တစ်ဦးအနေဖြင့် ဘာစီလိုနာအသင်း၌ကစားခဲ့သော် လည်း ယခုဘောလုံးရာသီတွင် ဘာစီလိုနာအသင်းက လေးနှစ်စာချုပ်ချုပ်ဆိုကာ စာချုပ်ဖျက်သိမ်းကြေး ကိုလည်း ၁ ဘီလီယံအထိ သတ်မှတ်ထားခြင်းဖြစ်သည်။
သို့သော် ဘာစီလိုနာအသင်းအနေဖြင့် လက်ရှိ တွင် အသင်းဘဏ္ဍာရေး အကျပ်အတည်းနှင့် တွေ့ကြုံ နေရသည့်အတွက် ဂါဗီနှင့် ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားသည့်စာချုပ်မှာ အကျုံးဝင်မည် မဟုတ်ကြောင်း စပိန်လာလီဂါဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့သည့် ရက်ပိုင်းက ကြေညာခဲ့သည်။
သို့သော် ဘာစီလိုနာအသင်းက ဂါဗီနှင့်ချုပ်ဆိုထားသည့် စာချုပ်ကို အသိအမှတ်ပြုပေးရန် တရားရုံး၌ အယူခံတင်သွင်းခဲ့သော်လည်း တရားရုံးက ပယ်ချခဲ့သည့်အတွက် ဂါဗီအနေဖြင့် စပိန်လာလီဂါဘောလုံး အဖွဲ့ချုပ်၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဘာစီလိုနာ အသင်းကစားသမားစာရင်းမှ ဖယ်ရှားခံခဲ့ရခြင်း ဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့် ယခုဘောလုံး ရာသီကုန်အထိ အသင်းဘဏ္ဍာရေးအကျပ်အတည်း ကို မဖြေရှင်းနိုင်ပါက ကစားသမားဂါဗီနှင့် ချုပ်ဆိုထားသော သက်တမ်းတိုးစာချုပ်မှာလည်း အကျုံးဝင်မည် မဟုတ်ဘဲ ကုန်ဆုံးမည်ဖြစ်သည့်အတွက် ဂါဗီကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရဖွယ် ရှိနေသောကြောင့် ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီး တချို့က အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။
Ref;Marca