မြို့သစ်မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ အထောက်အကူပြုပစ္စည်းများနှင့် အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၉

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသ ရေးလုပ်ငန်းကော်မတီအတွက်  COVID-19 ရောဂါ ကာကွယ်ရေးအထောက်အကူပြုပစ္စည်း များနှင့်အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မကွေးတပ်နယ်မှ တာဝန်ရှိသူများက အဆိုပါမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သွားရောက်ပေးအပ် လှူဒါန်းသည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် မြို့သစ်မြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအတွက်  COVID-19 ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများဖြစ်သည့် Personal Protective Equipment (PPE)ဝတ်စုံ ၅ စုံ၊Mask  ၁၀၀၀ ခုနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။