ရန်ကုန် သြဂုတ် ၉
၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ပြည်ထဲရေး ဝန်ကြီးဌာန အကျဉ်း ဦးစီးဌာနရှိ အကျဉ်း သားနှင့် အချုပ်သားများ ဝင်ရောက်ဖြေဆိုရာ ၆ဝဒသမ ၆၇ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
အကျဉ်းထောင် ၁၁ ခုမှ အကျဉ်းသား ၁၆၂ ဦး၊ အကျဉ်းသူ ၁၃ ဦး၊ အချုပ်သား နှစ်ဦး၊ အချုပ်သူတစ်ဦး စုစုပေါင်း ၁၇၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁ဝ၈ ဦးအောင်မြင်သဖြင့် ၆ဝ ဒသမ ၆၇ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့အောင်မြင်သူများမှာ လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ နှစ်ဘာသာ ဂုဏ်ထူး ရှင် ၂၈ ဦး၊ တစ် ဘာသာဂုဏ်ထူးရှင် ၃၈ ဦး၊ ရိုးရိုးအောင်မြင်သူ ၃ဝ ဦးဖြစ်ကြောင်း သိရသည်။
ဆုလာဘ်