COVID-19 ရောဂါကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံးအသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၉
    
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် Mask များကို ပြည်သူများ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသုံး ပြုနိုင်ရန် လက်ဝယ်အရောက်အခမဲ့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၅၀၀၀ ခုကို တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောမြို့၊ မြိတ်-ထားဝယ် ပြည်ထောင်စုကားလမ်းမကြီးနှင့်လမ်းဆုံနေရာများလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၃၀၀၀ ခုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာအုပ်စုအတွင်း၌လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဖြတ်သန်း သွားလာလျက်ရှိသော ဒေသခံပြည်သူများ တစ်ဦးချင်း၏ လက်ဝယ်သို့နှင့် အိမ်အရောက် အခမဲ့ ပေးဝေလှူဒါန်းကြသည်။

COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးတွင် အထောက်အကူ ဖြစ်စေရန်အတွက် Mask များကို အခမဲ့ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။