ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ သာမဏေကျော်စာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီ၊ ပဲနှင့် လှူဖွယ် ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၉
    
ပဲခူးတိုင်းတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ သာမဏေကျော်စာသင်တိုက် သို့ ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့်အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါ စာသင်တိုက်၏ ဦးစီးပဓာနနာယကဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ မဟာဂန္ထဝါစကပဏ္ဍိတ ဓမ္မကထိကဗဟုဇနဟိတဓရ သာသနာလင်္ကာရ အကျော် ဝိနယဝိဒူ ဒေါက်တာ အရှင်ဝိစက္ခဏာလင်္ကာရာဘိဝံသ အားဖူးမြော်ပြီး တပ်မတော် (ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန် တော် ၁၅ အိတ်၊ ဆီ ၁၀ ပိဿာ၊ ပဲ ၃၀ ပိဿာ၊ စားသောက်ဖွယ်ရာများနှင့် Covid-19 ရောဂါကာကွယ် ရေးအထောက်အကူပြုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့ပြင် အဆိုပါစာသင်တိုက်ရှိ ဆရာတော်၊ သံဃာတော်များအား တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးနေမှုများကို ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ တိုင်းမှူးနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။