လစ်လပ်နေသည့် စပါးအသင်းနည်းပြနေရာအတွက် ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း နာဂယ်စမန်း ထိပ်ဆုံးမှရေပန်းစားလျက်ရှိ

လစ်လပ်နေသည့် စပါးအသင်းနည်းပြနေရာအတွက် ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း နာဂယ်စမန်း ထိပ်ဆုံးမှရေပန်းစားလျက်ရှိ

စပါးအသင်းက နည်းပြကွန်တီကို ရာထူးမှ ထုတ်ပယ်ပြီး  ပြည်တွင်းလိဂ်ပြိုင်ပွဲများ  ပြန်လည်မစတင်မီ လစ်လပ်နေသည့်အသင်းနည်းပြကို ခန့်အပ်နိုင်ရန်  ကြိုးပမ်းလျက်ရှိရာ နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ် အသင်းနည်းပြဟောင်း နာဂယ်စမန်းက ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိကြောင်း သိရသည်။

စပါးအသင်းနှင့်  နည်းပြကွန်တီတို့သည်  ယခုဘောလုံးရာသီကုန်ချိန်မှသာ    စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သော်လည်း  ယခုအခါ  စာချုပ်သက်တမ်းမကုန်ဆုံးမီ  အသင်းက  နည်းပြအဖြစ်မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

နည်းပြကွန်တီက  ပြီးခဲ့သည့်  ဆောက်သမ်တန် အသင်းနှင့်  စပါးအသင်းတို့  သုံးဂိုးစီသရေရလဒ် ထွက်ပေါ်သည့်ပွဲစဉ်အပြီးတွင် အသင်းမှကစားသမားမျာ၏ စွမ်းဆောင်ရည်ပိုင်းနှင့် ပတ်သက်ပြီး ပြစ်တင်ပြောဆိုမှုများ ပြုလုပ်ခဲ့သကဲ့သို့   အသင်းမှ တာဝန်ရှိသူများကိုလည်း ကစားသမားသစ် ခေါ်ယူအင်အား ဖြည့်တင်းရေးနှင့်ပတ်သက်၍ ဝေဖန်မှုများပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နည်းပြကွန်တီနှင့်  အသင်းမှ ကစားသမားများကြား ဆက်ဆံရေးမပြေလည်မှုများကြောင့် ကစား သမားများက     နည်းပြကွန်တီကိုထုတ်ပယ်ရန် တောင်းဆိုမှုများရှိလာခဲ့သည့်အတွက် စပါးအသင်း ဘုတ်အဖွဲ့ကလည်း ရာသီမကုန်ဆုံးမီ ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

စပါးအသင်းဘုတ်အဖွဲ့ဝင်များက ဧပြီ ၄ ရက်တွင် ကစားမည့် အဲဗာတန်အသင်းနှင့် ပွဲစဉ်မတိုင်မီ နည်းပြသစ်ခန့်အပ်နိုင်ရန်     ကြိုးပမ်းလျက်ရှိပြီး နည်းပြသစ်အတွက် ရေပန်းစားသူများတွင် နည်းပြ နာဂယ်စမန်းနှင့်အတူ နည်းပြဟောင်း ပိုချက်တီနို၊ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း   ဇီဒန်း၊ စပိန်အသင်းနည်းပြဟောင်း   အင်းနရစ်တို့ ပါဝင်လျက်ရှိသော်လည်း  လက်ရှိတွင်  ဘိုင်ယန်မြူးနစ် အသင်းနှင့်လမ်းခွဲပြီး  ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြနာဂယ်စမန်းက ထိပ်ဆုံးမှရေပန်းစား နေကြောင်း သိရသည်။            

Ref;ESPN