မန်ယူအသင်းကွင်းလယ်ကစားသမား ဆာဘစ်ဇာ ဒူးဒဏ်ရာပြင်းထန်မှု မရှိသည့်အတွက် နယူးကာဆယ်အသင်းနှင့် ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်မည်

မန်ယူအသင်းကွင်းလယ်ကစားသမား ဆာဘစ်ဇာ ဒူးဒဏ်ရာပြင်းထန်မှု မရှိသည့်အတွက် နယူးကာဆယ်အသင်းနှင့် ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်မည်

မန်ယူအသင်းကွင်းလယ်ကစားသမား ဆာဘစ်ဇာသည် ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲအုပ်စုပွဲစဉ်များကစားရန်  သြစတြီးယားအသင်းနှင့်   ပူးပေါင်းစဉ်  ဒူးဒဏ်ရာရရှိသော်လည်း ဒဏ်ရာမှာ ပြင်းထန်မှုမရှိသည့်အတွက်  ဧပြီ  ၂  ရက်တွင်ကစားမည့်  နယူးကာဆယ်အသင်းနှင့်     မန်ယူအသင်းတို့ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆာဘစ်ဇာသည် ယူရို ၂၀၂၄ ပြိုင်ပွဲ ခြေစစ်ပွဲ အုပ်စု  အဖွင့်ပွဲစဉ်အဖြစ်ကစားသည့် သြစတြီးယားအသင်းက အဇာဘိုင်ဂျန်အသင်းကို ၄ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲစဉ်တွင် အသင်းခေါင်းဆောင်အဖြစ်ပါဝင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ကာ  ၂  ဂိုးသွင်းယူနိုင်၍   ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။

သို့သော်  ဆာဘစ်ဇာသည်  အုပ်စုဒုတိယပွဲစဉ်အဖြစ်  သြစတြီးယားအသင်းနှင့် အက်စ်တိုးနီးယားအသင်းတို့ ပွဲစဉ်မတိုင်မီ အသင်းလေ့ကျင့်ခန်း အစီအစဉ်တွင်  အသေးစားဒူးဒဏ်ရာရရှိသည့်အတွက်  အနားယူခဲ့ရသော်လည်း  ယခုရက်ပိုင်းအတွင်း  ပြန်လည်ကစားနိုင်မည်ဖြစ်သည်။

ဆာဘစ်ဇာသည်    ဘိုင်ယန်မြူးနစ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်မရရှိသည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလက မန်ယူအသင်းသို့ ရာသီဝက်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ပြီး အသင်း တွင် ခြေစွမ်းပြကစားနေသူဖြစ်ကြောင်း သိရသည်။

Ref; The Athletic