တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးအတွက် တောင်ကြီးတပ်နယ်မှ တပ်မတော်သားများက စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၉
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ သွေးမျိုးစုံ လိုအပ်လျက်ရှိကြောင်း ဆက်သွယ်လာသည့်အတွက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီး တပ်နယ်မှ တပ်မတော်သားများက ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ စုပေါင်းသွေးလှူဒါန်းကြသည်။
    
အဆိုပါသွေးလှူဒါန်းမှုတွင် အရာရှိ၊ စစ်သည်၊ မိသားစုများ ၁၁၉ ဦးတို့က သတ်မှတ် နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။ အရာရှိ၊ စစ်သည်၊ မိသားစုများ၏ သွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။