နွားထိုးကြီးမြို့နယ်ရှိ မျက်စိဝေဒနာရှင် ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ မျက်စိခွဲစိတ်ကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ အောက်တိုဘာ - ၂၉

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်တို့ရှိ ဒေသခံပြည်သူများ၏ မျက်စိခွဲစိတ် ကုသရေးနှင့် လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရောက်ရှိ နေသော တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့တွင် နွားထိုးကြီးမြို့ရှိ အလည်ကျောင်း ပရိယတ္တိစာသင်တိုက်၌အခြေပြု၍ သံဃာတော် ၂ ပါးနှင့် ဒေသခံပြည်သူ ၂၃ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး ၎င်းင်းတို့အနက်မှ အတွင်းတိမ်ခွဲစိတ်ကုသမှု ၁၁ ဦး၊ အသေးစားမျက်စိခွဲစိတ် လူနာ ၄ ဦး၊ စုစုပေါင်းမျက်စိခွဲစိတ်ကုသလူနာ ၁၅ ဦးကို ရွေ့လျားခွဲစိတ် ကုသယာဉ်ပေါ်၌ ခွဲစိတ်ကုသပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး မျက်မှန်တပ်ဆင်ရန် လိုအပ်သည့် မျက်စိဝေဒနာရှင်များအား မျက်မှန်များတပ်ဆင်ပေးပြီး ဆေးကုသမှုလာရောက်ခံယူသည့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများက နေ့လယ်စာ ထမင်း၊ ဟင်းများဖြင့် ဧည့်ခံကျွေးမွေးသည်။

တပ်မတော်နယ်လှည့်အထူးဆေးကုသရေးအဖွဲ့နှင့်အတူ ရွေ့လျားခွဲစိတ်ကုသ ယာဉ်တစ်စီးပါဝင်ပြီး အဆိုပါမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား မျက်စိရောဂါနှင့်အခြား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှထုတ်ပြန်ထားသည့် စည်းမျဉ်း၊ သတ်မှတ်ချက်များနှင့်အညီ ကုသဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။