နွားထိုးကြီး-မြင်းခြံသွား ကားလမ်း၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထား သည့် မိုင်း ၁ လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နွားထိုးကြီး-မြင်းခြံသွား ကားလမ်း၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထား သည့် မိုင်း လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

နေပြည်တော်၊ မတ် - ၃၁

     မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ လျှော်ဖြူကျေးရွာ၏ အနောက် ဘက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာ နွားထိုးကြီး-မြင်းခြံသွား ကားလမ်းဝဲဘက် ၁၅ ပေခန့်အကွာ၌ ယနေ့ညနေ ၃ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမား များက လက်လုပ်အဝေးထိန်းမိုင်း ၁ လုံး ဖောက်ခွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

      ဖြစ်စဉ်မှာ  နွားထိုးကြီးမြို့နယ်၊ ဝက်လူးကျေးရွာ၌ ဘုန်းကြီးကျောင်းဓမ္မာရုံ ရေစက်ချပွဲမှ မင်းဘူးမြို့သို့ ပြန်လည်မောင်းနှင်လာသော ဂီတစက်ဝိုင်း တေးဂီတအဖွဲ့ သား ၁၀ ဦး လိုက်ပါလာသည့် Super Custom အမျိုးအစား မော်တော်ယာဉ်သည် လျှော်ဖြူကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့် အကွာသို့အရောက်၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်အဝေးထိန်းမိုင်း ၁ လုံး ပေါက်ကွဲခဲ့သဖြင့် မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် မင်းဘူးမြို့၊ အမှတ်(၁) ရပ်ကွက်နေ ဒေါ်ဇွန်ဇင်ဇင်ထွန်း  တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ သည်။

  အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းနှင့်ဒဏ်ရာရရှိသူများအား နွားထိုးကြီး   မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိ သည်။