ချယ်လ်ဆီးနည်းပြလမ်းပတ်သည် ပင်တိုင်ပယ်နယ်တီကန်ခွင့်ကို ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအား ပေးထားရာ ဂျော်ဂျင်ဟိုသည် နောက်ဆုံးလေးပွဲတွင် နှစ်ကြိမ် ပယ်နယ်တီဂိုး မဝင်သဖြင့် ပယ်နယ်တီကို တိုက်စစ်မှူး တီမိုဝါနာအား ပြောင်းပြီး ကန်ခွင့်ပေးဖွယ် ရှိနေကြောင်း သိရသည်။
ဂျော်ဂျင်ဟိုသည် အောက်တိုဘာ ၂၈ ရက် ညက ကရက်စ်နိုဒါနှင့် ရုရှားမြေ၌ သွား ရောက်ကစားရသည့်ပွဲတွင် ပွဲချိန်ပထမပိုင်း၌ ပယ်နယ်တီကန်ခွင့် ရခဲ့သော်လည်း ဂိုးမဝင်ခဲ့ဘဲ ၎င်း၏ မကန်မီခုန်ပြီး ဖနောင့် ပေါက်ကန်သည့် ကန်ဟန်မှာ နောက်ဆုံးလေး ပွဲတွင် နှစ်ကြိမ်ဂိုးမရခဲ့ပေ။ ထို့ကြောင့် ထိုပွဲ ပွဲချိန်နှောင်းပိုင်းတွင် ချယ်လ်ဆီးအသင်း ထပ်မံရသည့် ပယ်နယ်တီကို တိုက်စစ်မှူး တီမိုဝါနာက ဂိုးအပေါ်ထောင့်သို့ အပြင်း ကန်သွင်းခဲ့သည်။
ပွဲအပြီးတွင် ဂျော်ဂျင်ဟိုကို ပယ်နယ်တီ ဆက်လက်ကန်ခွင့်ပေးမည်လား၊ ဂျော်ဂျင်ဟို၏ကန်ပုံကို မည်သို့ထင်လဲဟု မေးမြန်းကြရာ လမ်းပတ်က ကန်ရတာများလွန်းရင် တစ်ဂိုး၊ နှစ်ဂိုးလောက် ဂိုးမရတာမျိုး ဖြစ်တတ်ပါတယ်။ အသင်းမှာ ပယ်နယ်တီကန်တာ ကောင်းတဲ့သူတွေ အများကြီးပါ။ တီမိုဝါနာကန်တာ မြင်ကြမှာပါဟုပြောသည်။
Ref:BBC