မန်ယူခံစစ်မှူး တဲလက်စ်တွင် COVID-19 ရောဂါပိုး တွေ့ရှိ

ပြီးခဲ့သည့်   နွေရာသီအပြောင်းအရွှေ့ ဈေးကွက်တွင် မန်ယူအသင်း ပေါင် ၁၃ ဒသမ ၆ သန်းဖြင့် ပေါ်တိုအသင်းထံမှ ခေါ်ယူခဲ့သည့် အသက် ၂၇ နှစ်အရွယ် ခံစစ်မှူးအဲလက်စ်တဲလက်စ်သည် အောက်တိုဘာ ၂၈ ရက်ညက လိုက်ပဇစ်ကို ငါးဂိုး ပြတ်အနိုင်ရသည့်ပွဲတွင်   ကစားသမား စာရင်း၌ ပါဝင်လာခြင်းမရှိသည်မှာ COVID-19 ရောဂါပိုး ကူးစက်ခံလိုက်ရ၍ ဖြစ်ကြောင်း  ထိုပွဲအပြီးတွင် မန်ယူနည်းပြ ဆိုးလ်ရှားက ရှင်းလင်း ပြောကြားခဲ့သည်။

တဲလက်စ်သည် ပြီးခဲ့သည့်တစ်ပတ်က ပီအက်စ်ဂျီကို အနိုင်ရသော ချန်ပီယံ လိဂ်အုပ်စု အဖွင့်ပွဲ၌ ပါဝင်ခြေစွမ်းပြ ခဲ့သော်လည်း  ချယ်လ်ဆီးနှင့် ဂိုးမရှိသရေကျသည့်ပွဲနှင့် ယခုလိုက်ပဇစ်နှင့်ပွဲကို လွဲချော်ခဲ့ရသည်။   

Ref:Dailymail