မြောက်ဥက္ကလာပနှင့် မင်္ဂလာဒုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် ဧပြီ ၂
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၁ ရက် ညနေ ၃ နာရီတွင် မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်(၁၂)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းရှိ မောင်မောင်ကျော်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ ညနေ ၄ နာရီတွင် ပူးပေါင်းအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ ဋ-ရပ်ကွက်၊ ပေါင်းကူးလမ်းနေ နိုင်ချမ်းမြေ့အောင်(ခ)ကိုချမ်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေး ၂၈၃၈ ပြား ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၂ နာရီတွင် မောင်မောင်နု(ခ) မိုဟာမက်ရွစ်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။