ချီဖွေမြို့နယ် ဘန်လီကျေးရွာ၌ ဆိုင်ကယ်သွားလမ်းဆောင်ရွက်ပြီးစီး

ချီဖွေ၊ ဒေသဖွံ့ဖြိုးရေး

ချီဖွေမြို့နယ် ဘန်လီကျေးရွာ၌ ဆိုင်ကယ်သွားလမ်းဆောင်ရွက်ပြီးစီး

ကချင်ပြည်နယ် ချီဖွေမြို့နယ် ဘန်လီကျေးရွာ၌ ဆိုင်ကယ်သွားလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဧပြီ ၂ ရက်   နံနက်ပိုင်း တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကိုကိုအောင်၊ ခရိုင်တာဝန်ခံ အင်ဂျင်နီယာ ဦးမုန်းရှငွေနှင့် တာဝန်ရှိသူများက လမ်းအရှည် ပေ ၃၇၀၀၊ အကျယ် ခြောက်ပေနှင့် အမြင့် ခြောက်လက်မရှိသည့် ဆိုင်ကယ်သွားလမ်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ဆောင်ရွက်ပြီး သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို တန်ဖိုးထားထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ ဆိုင်ကယ်သွားလမ်းကို   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် Cash for Work စီမံကိန်းပံ့ပိုးငွေကျပ်သိန်း ၁၀၀ အကုန်အကျခံ၍ ၂၀၂၂ ခုနှစ် သြဂုတ်လ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ဆောင်ရွက် ပြီးစီးပြီဖြစ်သည်။

ထို့နောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကိုကိုအောင်၊ ခရိုင်တာဝန်ခံ အင်ဂျင်နီယာ ဦးမုန်းရှငွေနှင့် တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဘန်လီကျေးရွာ   စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းကို Feasibility Survey တိုင်းတာခြင်းနှင့် ရေဝေကန်ဆောင်ရွက်မည့် လုပ်ငန်းနေရာကို သွားရောက်ကွင်းဆင်း ကြည့်ရှု စစ်ဆေးကြောင်း သိရသည်။

  မင်းမြင့်မိုရ်(ကျေးလက်)