စွမ်းအင်နဲ့လျှပ်စစ်ကို ကမ္ဘာကြည့် ကြည့်မယ်
အမှတ်စဉ်(၁၀၃)
(မြန်မာနိုင်ငံထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ၆ ဆ ထုတ်လွှတ်နေသော နိုင်ငံ)
- ဓာတ်အားခဈေးနှုန်း (၂၀၁၈ ခုနှစ်) 7.1 to 13.4 UScent/KWh (Avg;11 UScent/KWh)
ဗီယက်နမ်နိုင်ငံ
အရင်းအမြစ်အလိုက် တပ်ဆင်အင်အားရောစပ်မှုအချိုး (၂၀၁၅ ခုနှစ်)
အရင်းအမြစ် ပါဝင်မှုအချိုး (%) တင်ဆင်အင်အား (MW)
ကျောက်မီးသွေး ၂၈ ၁၀၈၃၀
လောင်စာဆီ ၂၃.၇ ၉၁၈၀
သဘာဝဓာတ်ငွေ့ ၄၄.၃ ၁၇၁၅၅
ရေအား ဝ.၂ ၇၈
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၃.၅ ၁၃၀၀
စုစုပေါင်း ၃၈၅၄၃
(မြန်မာနိုင်ငံထက် ကာဗွန်ဒိုင်အောက်ဆိုဒ် ၇ ဆ ထုတ်လွှတ်နေသော နိုင်ငံ)
- ဓာတ်အားခဈေးနှုန်း (၂၀၁၁ ခုနှစ်) 6.2 to 10.01 UScent/KWh
လာအိုနိုင်ငံ
အရင်းအမြစ်အလိုက် တပ်ဆင်အင်အားရောစပ်မှုအချိုး (၂၀၁၅ ခုနှစ်)
အရင်းအမြစ် ပါဝင်မှုအချိုး (%) တပ်ဆင်အင်အား (MW)
ကျောက်မီးသွေး ၂၉.၅ ၁၈၇၈
ရေအား ၇၀.၅ ၄၄၉၃
စုစုပေါင်း ၆၃၇၁
- ဓာတ်အားခဈေးနှုန်း (၂၀၁၇ ခုနှစ်) ပျမ်းမျှ 6.2 to 10.01 UScent/KWh
၂၀၁၇ ခုနှစ်မှာ နိုင်ငံရဲ့ ၉၂ % ကို ဓာတ်အားဖြန့်ကြက်နိုင်ခဲ့ပါပြီ။ ရေအားပေါကြွယ်ဝသော်လည်း ဓာတ်အားထုတ်လုပ်မှု အချိုးမှန်စေဖို့ ၂၀၁၆ ခုနှစ်မှာ ၁၈၇၈ မဂ္ဂါဝပ် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ အသစ်တစ်လုံး စတင်လည်ပတ်ခဲ့ပါတယ်။
ဂျာမနီနိုင်ငံ
ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်ရောစပ်မှုအချိုး (၂၀၁၅ ခုနှစ်)
အရင်းအမြစ် ထုတ်လုပ်မှုအချိုး (%)
ကျောက်မီးသွေး ၄၂.၂
လောင်စာဆီ ဝ.၈
သဘာဝဓာတ်ငွေ့ ၈.၈
နျူကလီးယား ၁၄.၁
ရေအား ၃.ဝ
လေ + နေ ၁၉.၂
ဇီဝလောင်စာ ၆.၈
စွန့်ပစ်ပစ္စည်း ဝ.၉
တခြား ၄.ဝ
(ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ဆဋ္ဌမအများဆုံးနိုင်ငံ)
- ဓာတ်အားခဈေးနှုန်း (၂၀၁၇ - မတ်လ) 37 UScent/KWh for household, 19 Uscent/KWh for others
ဒိန်းမတ်နိုင်ငံ
ဓာတ်အားထုတ်လုပ်မှုအရင်းအမြစ်ရောစပ်မှုအချိုး (၂၀၁၅ ခုနှစ်)
အရင်းအမြစ် ထုတ်လုပ်မှု အချိုး (%)
ကျောက်မီးသွေး ၃၀
လောင်စာဆီ ၇
နျူကလီးယား ၃
ဇီဝလောင်စာ ၁၃
နေ + လေ ၄၇
(ကမ္ဘာ့ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု နှစ်စဉ် မြန်မာနိုင်ငံထက် တစ်ဆခွဲ ပိုမိုထုတ်လွှတ်နေသောနိုင်ငံ)
- ဓာတ်အားခဈေးနှုန်း (၂၀၁၇ - မတ်လ) 37 UScent/KWh
ကမ္ဘာ့ပျမ်းမျှအခြေအနေ
၂၀၄၀ ပြည့်နှစ် ကမ္ဘာ့ပျမ်းမျှမျှော်မှန်းချက်ကို ဖော်ပြပါမယ်။ နိုင်ငံ တိုင်းရဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် CO2 လျှော့ချမယ့်အစီအစဉ် (နည်း-က) နဲ့ ပြန်လည်ပြည့်ဖြိုးမြဲကိုသာ ဦးစားပေးမယ့်အစီအစဉ် (နည်း-ခ) (COP-21 အစီအစဉ်) နှစ်ခုကို ကမ္ဘာ့ပျမ်းမျှအဖြစ် နှိုင်းယှဉ် ပြပါမယ်။ ဒီလိုနှိုင်း ယှဉ်လိုက်တဲ့အခါ နည်း (ခ) ဟာ နည်း (က) ထက် ဓာတ်အားထုတ်လုပ်မှု ပမာဏ များစွာ လျော့ကျသွားတာကို တွေ့ရပါမယ်။ အကြောင်းက စက်စွမ်းရည်နိမ့်တဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ဦးစားပေးထုတ်လုပ်ဖို့ တခြားအရင်းအမြစ် တွေကို သိသိသာသာလျှော့ချလိုက်ရတာကြောင့်ဖြစ် ပါတယ်။
ကမ္ဘာ့ပျမ်းမျှထုတ်လုပ်မှုအချိုးကို နည်းနှစ်နည်းနဲ့နှိုင်းယှဉ်ခြင်း
ဇယားမှာလေ့လာရင် သဘာဝပတ်ဝန်းကျင် သက်ရောက်မှုလျှော့ချဖို့ များစွာအားထည့်ဆောင်ရွက်လိုက်တဲ့အခါ နည်း(ခ)ဟာ နည်း(က)မှာလို TWh ၃၉၂၉၀ အထိ ဓာတ်အားထုတ်လုပ်နိုင်မှု မရှိတော့တာကို တွေ့ရမှာပါ။ ဒီအချက်ဟာ ဆင်းရဲမှုလျှော့ချဖို့ လိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုအတွက် ဓာတ်အားပိုမိုရရှိရေးကိုပါ ထိခိုက်လာမှာဖြစ် ကြောင်း ကိန်းဂဏန်းတွေကနေ တွေ့နိုင် ပါတယ်။ (နည်း (က) နဲ့ (ခ) အကြောင်း ရှေ့အခန်း နံပါတ် (၂၃) မှာ ရှင်းလင်းဖော်ပြခဲ့ပြီးပါပြီ)
နည်း(ခ)မှာ ရေအားလျှပ်စစ်ကို ၆၃ ရာခိုင်နှုန်းအထိ မျှော်မှန်းတယ်ဆို တာဟာလည်း လက်တွေ့မဖြစ်နိုင်တဲ့မျှော်မှန်းချက်ပါ။ အထူး သဖြင့် နေစွမ်းအင်ထဲက Concentrated Solar Power (CSP) ဟာ ပုံမှန် Photo Voltaic (PV) ထက်ပင် ဓာတ်အားခ ဈေးပိုကြီး နေပါလျက် သဘာဝပတ်ဝန်းကျင်အရေး ဦးတည်ရှေ့တန်းတင်လိုက်တဲ့အတွက် ကမ္ဘာ့လျှပ်စစ်ထုတ်လုပ်မှုအားလုံးရဲ့ ၁၅ ရာခိုင်နှုန်း အထိ တိုးတက်သုံးစွဲမယ်လို့ နည်း (ခ)မှာ မျှော်မှန်းလိုက်တာဟာလည်း လက်တွေ့မှာ လုံးဝဖြစ်လာနိုင် ခြေမရှိတဲ့ မျှော်မှန်းမှုပါပဲ။
ဆက်လက်ဖော်ပြပါမည်။