မြဝတီရုပ်မြင်သံကြား(၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီစာပေတိုက် နှစ်ပတ်လည်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဧပြီ - ၅
မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြဝတီစာပေ တိုက် နှစ်ပတ်လည်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုမြို့ရှိ အမှတ်(၂) တပ်မတော်ရုပ်မြင် သံကြားထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဇော်မင်းထွန်း၊ တပ်မတော်အရာရှိကြီးများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစားတပ်မတော် အရာရှိကြီးများ၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်၊ ကျောင်းများမှ နိုင်ငံတော်အဆင့် ပြည်တွင်းပြိုင်ပွဲများနှင့် ပြည်ပပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ အစားခန့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ရာ မြဝတီရုပ်မြင်သံကြားတွင် (၁၀)နှစ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ထူးချွန်ဆုရ အရာရှိ၊ စစ်သည်၊ ဝန်ထမ်း များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို တစ်ဦးချင်းပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက မြဝတီစာပေတိုက်မှ ထူးချွန်ဆုရ စစ်သည်၊ ဝန်ထမ်းများ၊ မြဝတီရောင်စုံဓာတ်ပုံပြိုင်ပွဲဆု၊ မြဝတီ၊ ငွေတာရီ၊ သုတအလင်း မဂ္ဂဇင်း တို့တွင် အကောင်းဆုံး ကာတွန်းဆု၊ ကဗျာဆု၊ ဆောင်းပါးဆု၊ ဝတ္ထုတိုဆုနှင့် ဝတ္ထုရှည်ဆု ရရှိသူများကို လည်းကောင်း။
ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေး မှူးက မြဝတီသတင်းစာတိုက်၊ ရတနာပုံသတင်းစာတိုက်နှင့် သဇင်အသံလွှင့်ဌာနတို့မှ ထူးချွန်ဆုရ အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများကိုလည်းကောင်း ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။