AA အကြမ်းဖက်သောင်းကျန်းသူများက အမ်းမြို့နယ်၊ ဂျိတ်ချောင်းကျေးရွာ အနီးတွင် အပြစ်မဲ့ ပြည်သူများ မောင်းနှင်လာသော မော်တော်ယာဉ် ၂ စီးအား မီးရှို့ဖျက်စီး၊ ယာဉ်ပေါ်ပါ ပြည်သူ ၄ ဦးအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်

နေပြည်တော်၊ အောက်တိုဘာ - ၃၀

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်ဆင်ကျေးရွာအနီး ရွာသားအသွင်ယူ၍ လှုပ်ရှားနေသော AA အကြမ်းဖက် သောင်းကျန်းသူများက  ယနေ့ နေ့လယ်ပိုင်း၌ ကဇူးကိုင်းကျေးရွာနေ ယာဉ်မောင်း ဦးတင်အောင်မိုး ၄၇ နှစ်(ဘ) ဦးလှဆောင်၊  ဗမာ/ဗုဒ္ဓနှင့် ၎င်း၏ ဇနီး မအေးလှိုင် ၄၉ နှစ် (ဘ)ဦးမောင်ထွေး  လိုက်ပါလာသည့် CANDA အမျိုးအစား ယာဉ်နှင့် အမ်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ယာဉ်မောင်း မောင်မောင်နိုင် ၂၅ နှစ်(ဘ) ဦးသောင်းတင်၊ ချင်း/ဗုဒ္ဓ၊   ယာဉ်နောက်လိုက် မောင်ကျော်သူလင်း ၂၅ နှစ်တို့ လိုက်ပါလာသည့် ISSUE အမျိုးအစား ယာဉ် ၂ စီး တို့အား ကဇူးကိုင်း - အလယ်ကျွန်း သွားကားလမ်းပေါ်ရှိ ဂျိတ်ချောင်းကျေးရွာ အနီးတွင်  အကြောင်းမဲ့ မီးရှို့ဖျက်စီးခဲ့ပြီး ယာဉ်ပေါ်ပါ အပြစ်မဲ့ ပြည်သူ ၄ ဦးအား အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း စိစစ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက ဖြစ်စဉ် ဖြစ်ပွားရာ ဝန်းကျင်အနီးတဝိုက်တွင် အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု (Counter - terrorism Action) ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။