ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ ဘုန်းတော်ကြီးကျောင်းများသို့ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများ ဆက်ကပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၃၀

   

ပဲခူးတိုင်းဒေသကြီး၊ အင်းမမြို့၊ တက္ကသိုလ်ကျောင်းတိုက်၊ ပြည်မြို့၊ မြို့သစ်(၁၃)လမ်း၊ ကြည်သာအေးမြ ဘုန်းတော်ကြီးကျောင်းနှင့် ပန်းတောင်းမြို့၊ မင်းရဲရပ်ကွက်၊ သဒ္ဓမ္မဝံသ ပေါင်းတည်ကျောင်းတိုက်များသို့ အောက်တိုဘာ ၂၉ ရက်နှင့် ယနေ့တို့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်၍ အဆိုပါ ကျောင်းတိုက် ဆရာတော်များအား ဖူးမြော်ပြီး သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး စသည့်လှူဖွယ် ပစ္စည်းများနှင့် Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။

   

ထိုသို့ လှူဒါန်းခဲ့ရာ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းအတွက် ဆွမ်းဆန်တော် ၃၀ အိတ်၊ ဆီ ၃၀ ပိဿာ၊ ပဲ ၁၈၀ ပိဿာ၊ ဆား ၂၉ ပိဿာ၊ ကြက်သွန်နီ ၆၀ ပိဿာ၊ ကြက်သွန်ဖြူ ၃၀ ပိဿာ၊ အာလူး ၆၀ ပိဿာ၊ ကြက်ဥ ၈၀၀ လုံးနှင့် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အထောက်အကူပြု ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။