နေပြည်တော်၊ အောက်တိုဘာ - ၃၀
တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် Mask များကို ပြည်သူများ Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံးပြုနိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်အနေဖြင့် Mask ၃၀၀၀ ခုကို တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၌ လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၃၀၀၀ ခုကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အတွင်း၌ လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် အနေဖြင့် Mask၂၀၀၀ ခုကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်ကြီး ထောင့်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် Mask ၅၀၀ ခုကို ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ဖြတ်သန်း သွားလာလျက်ရှိသော ဒေသခံပြည်သူများ တစ်ဦးချင်း၏ လက်ဝယ်နှင့် အိမ်အရောက် အခမဲ့ပေးဝေလှူဒါန်းကြသည်။
Covid-19 ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက်အကူ ဖြစ်စေရန်အတွက် Mask များကို အခမဲ့ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။