ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဟိုပုံးတပ်နယ်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ    နည်းပြများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ဟိုပုံးတပ်နယ်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာသိပ္ပံကျောင်းမှ                   နည်းပြများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော်၊ ဧပြီ - ၈

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဟိုပုံး တပ်နယ်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ နည်းပြများနှင့် သင်တန်းသားများအား အဆိုပါကျောင်း သင်တန်းခန်းမ၌ သွားရောက် တွေ့ဆုံ အမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က  အမှာစကားပြောကြားရာတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကို မတရား အနိုင်ရယူရန် မဲမသာမှုပြုခဲ့မှု၊ မဲမသမာမှုအပေါ် UEC အပါအဝင် တာဝန်ရှိသူများကို ဖြေရှင်းပေးရန် တောင်းဆိုသော်လည်း လျစ်လျှူရှုခဲ့မှု၊ အခြားသော ပါတီများက ကျေနပ်မှုမရှိ၍ တပ်မတော်အပေါ် ဖြေရှင်းပေးရန် တောင်းဆိုခဲ့မှု၊ မဲမသာမှုကို ဖြေရှင်း ရန် မကြိုးစားပဲ လွှတ်တော်ခေါ်ယူ၍ အဓမ္မ အာဏာရယူရန် ကြိုးစားခဲ့မှု၊ တပ်မတော် က ဒီမိုကရေစီစနစ် ယိုင်လဲမှုမရှိစေရန် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းခဲ့မှုတို့ကို အသေးစိတ်ရှင်းလင်း ပြောကြား သည်။

ဆက်လက်ပြောကြားရာတွင် တပ်မတော်ရှိ တပ်ရင်းတပ်ဖွဲ့များတွင် လိုအပ် သော အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာများတွင် ပညာရှင်အဖြစ် အသုံးချနိုင်ရန်ဖြစ်၍ မိမိသင်ကြားထားသည့် ဘာသာရပ်များကို Professional ကျကျ တက်မြောက်သည် အထိ လေ့လာသင်ကြားကြရန်လိုကြောင်း၊ မိမိတတ်မြောက်ထားသည့် ဘာသာရပ်များကို လက်တွေ့နယ်ပယ် တွင်လည်း ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း၊

မိမိတာဝန်ထမ်းဆောင်ရာ နယ်မြေဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အင်ဂျင်နီယာဆိုင်ရာကိစ္စရပ်များ၊ အင်ဂျင်နီယာနှင့်ပတ်သက်သည့် လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ ကိစ္စရပ်များတွင်လည်း လိုအပ်လာပါက အပြည့်အဝကူညီပေး နိုင်ရန်လိုကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များအရ ပညာရပ်ဆိုင်ရာများ သင်ကြားပေးခြင်း ဖြစ်သော်လည်း သစ္စာဓိဌာန် ၄ ချက်ရွတ်ဆို၍ တပ်မတော် ယူနီဖောင်းဝတ်ထားသူများဖြစ်သဖြင့် တပ်မတော်၏ အမိန့်၊ ညွှန်ကြားချက်နှင့် စည်းကမ်းများကို တိကျစွာလိုက်နာရန်လိုကြောင်း စည်းကမ်းကောင်းသော တပ်မတော်အမိန့်နာခံမှုကောင်းသော တပ်မတော်ဖြစ်၍ တပ်မတော်စတင်ဖွဲ့စည်း ချိန်မှ ယနေ့အထိ နိုင်ငံတော်အပေါ် ကျရောက်လာသော ဘေးအန္တရာယ်အမျိုးမျိုးကို မားမားမတ်မတ်ဖြင့်ရပ်တည်ကာ ကာကွယ်ပေးနိုင်ခဲ့ကြောင်း စည်းကမ်း၏အခြေခံ အချက်သည် လုပ်ဆောင်ရန်ရှိသည်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး  မလုပ်ဆောင်ရန် တားမြစ်ထားသည်ကို မလုပ်ဆောင်ရန်ပင်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး၊ လောင်းကစား ကဲ့သို့ တားမြစ်ထားမှုများကို ကိုယ်တိုင်နှင့် မိသားစုများအပါအဝင် ကင်းရှင်းစွာနေထိုင် ရန်လိုကြောင်း။ တာဝန်ထမ်းဆောင်ရာတွင် လည်း  မိမိ၏ ကျောင်း ဂုဏ်သိက္ခာ၊ တပ်မတော် ဂုဏ်သိက္ခာကို စောင့်ထိန်းနိုင်ရန် ဥပဒေမဲ့လုပ်ရပ်များ မလုပ်မိစေရန်လို ကြောင်း၊

ကျန်းမာရေးနှင့်ပတ်သက်၍ ရက်အလိုက်သတ်မှတ်ထားသော ကိုယ်လက် ကြံ့ခိုင်ရေး လုပ်ငန်းစဉ်များကိုမပျက်မကွက် လုပ်ဆောင်ရန်လိုကြောင်း၊  ကိုယ်လက် လှုပ်ရှားမှုနှင့် အဟာရမျှတစွာနေထိုင်စားသောက်တတ်ရန် လိုအပ်သကဲ့သို့ ကျန်းမာ ရေးကို ထိခိုက်စေသော ကွမ်း၊ ဆေးလိပ်၊ အရက်သေစာသောက်စားမှုများနှင့် အပျော်အပါး လိုက်စားမှုများ၊ မူးယစ်ဆေးဝါးကိစ္စရပ်များကိုလည်း ရှောင်ကျဉ်ရန် လိုကြောင်း။

ယနေ့ကာလတွင် နိုင်ငံတော်ကို ၎င်းတို့ဩဇာခံအဖြစ် ၎င်းတို့အလိုကျ နည်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်ဝေဖန်လျက်ရှိကြောင်း၊ ရုပ်သေးအစိုးရဖြစ်ပေါ်လာ စေရေး အကြမ်းဖက်မှုကိုအားပေးသော အဖွဲ့အစည်းကြီးအချို့၊ အကြမ်းဖက်မှုဟု အထောက်အထားခိုင်လုံစွာ ရရှိသော်လည်း အဆိုပါအကြမ်းဖက်အဖွဲ့အစည်းအပေါ် ကွယ်ရာတစ်မျိုး၊ နိုင်ငံတကာမျက်နှာစာတွင်တစ်မျိုး ပေါ်ပေါ်တင်တင် ဗြောင်ကျကျ အားပေးအားမြောက်ပြုနေသူများကို နိုင်ငံကြီးအချို့က အားပေးအားမြောက် ပြုနေကြောင်း၊ ၎င်းနိုင်ငံကြီးအချို့၏ ထောက်ပံ့မှုကိုရယူလျက် အချို့သော  နိုင်ငံဖျက် မိုးလုံးမှိုင်း မုသာဝါဒီ မီဒီယာများကလည်း အလိမ်အညာ ဝါဒဖြန့်မှုများ ပြုလုပ်နေ၍ မိမိ၏ မိသားစုများ နားယောင်မှုမရှိစေရေး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန် စာကောင်းပေမွန်များဖတ်ရှုခြင်းနှင့် သတင်းမှန်များ သိရှိနိုင်အောင်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ကြရန်လိုကြောင်း။

စစ်စည်းကမ်းချိုးဖောက်မှုအချို့တွင် ငွေကြေးဆိုင်ရာကိစ္စရပ်များတွေ့ရကြောင်း၊  စစ်သည်တော်တိုင်းတစ်ဦးခြင်းအနေဖြင့်ပြုကျင့်ရမည့်  ကျင့်ဝတ်အပါး ၂၀ တွင် “ကိုယ့်ဝင်ငွေနှင့် ထွက်ငွေ ညီပါစေ”ဟု  ပါဝင်သဖြင့် မိမိ၏ ဝင်ငွေနှင့် ထွက်ငွေမျှ တစွာသုံးစွဲတက်ရန်လိုပြီး လောင်းကစားကိစ္စများတွင် မပတ်သက်မိအောင် နေထိုင် ကျင့်ကြံကြရန်လိုကြောင်း၊ ငွေကြေးကိစ္စ၊ လောင်းကစားကိစ္စနှင့် အပျော်အပါးကိစ္စ များမှတစ်ဆင့် တပ်မတော်၏ လုံ ၄ လုံကိုလည်း အနည်းနှင့်အများ ဆိုသလို ထိခိုက် စေတာကိုလည်း သတိပြုကြရမှာဖြစ်ကြောင်း။

ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ် ပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်အရေးပါလာကြောင်း၊ မိမိ တတ်သိ ထားသည်နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ ပိုမိုတတ်ကျွမ်းအောင် စဉ်ဆက်မပြတ် ကြိုးပမ်းသွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက နည်းပြများနှင့် သင်တန်းသားများအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။ ဆက်လက်၍ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး က အားကစားပစ္စည်းများကိုပေးအပ်ရာ တာဝန်ရှိသူများ က လက်ခံရယူကြသည်။

        ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်တော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် နည်းပြများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။