ဟုမ္မလင်းမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်

ဟုမ္မလင်းမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဧပြီ -

     စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ဧပြီ ၈ ရက်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့နယ်ရှိ ဟိုပတ်ကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

        ထိုသို့ ဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က သံဃာတော်များနှင့် ဒေသခံပြည်သူ ၂၇၉ ဦးတို့ကို သွေးတိုးရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။