ကျိုင်းတုံမြို့၊ နောင်တုံကန်အတွင်း သဲ၊ နုန်းများဆယ်ယူမှု လုပ်ငန်းများအား ကြည့်ရှု စစ်ဆေး

ကျိုင်းတုံမြို့၊ နောင်တုံကန်အတွင်း သဲ၊ နုန်းများဆယ်ယူမှု လုပ်ငန်းများအား ကြည့်ရှု စစ်ဆေး

နေပြည်တော်၊ ဧပြီ - ၁၀

        ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ နောင်တုံကန်မှာ မြို့၏အထင်ကရ နေရာတစ်ခုဖြစ်ပြီး တိုင်းတာချက်များအရ ကန်ရေပြင်အောက် သဲ၊ နုန်းထုမှာ ၂ ဒသမ ၅ ပေခန့်ရှိသဖြင့် ကန်တိမ်ကောမှုမရှိစေရန်၊ ရေသန့်ရှင်းမှုရှိစေရန်နှင့် နောင်တုံကန် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်အတွက်  စက်ယန္တရားကြီးများဖြင့် သဲ၊ နုန်းများ ဆယ်ယူမှုလုပ်ငန်းကို မတ် ၂၆ ရက်မှစတင် ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ နောင်တုံကန်အတွင်း သဲ၊ နုန်းများ ဆယ်ယူမှုအခြေအနေများကို ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်က တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် နမ့်ခင်ချောင်းမှ နောင်တုံကန်အတွင်းသို့ ရေသွင်းမြောင်းမှ တစ်ဆင့်ရေသွင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။