အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်၏ သတ္တမအကြိမ်မြောက် ရှင်ပြုရဟန်းခံအလှူတော်မင်္ဂလာ ကျင်းပပြုလုပ်

အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်၏ သတ္တမကြိမ်မြောက် ရှင်ပြုရဟန်းခံအလှူတော်မင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ ဧပြီ- ၁၁

အရှေ့အလယ်ပိုင်းစစ်ဌာနချုပ် သတ္တမအကြိမ်မြောက် ရှင်ပြုရဟန်းခံ အလှူတော် မင်္ဂလာကို ဧပြီ ၁၀ ရက်နှင့် ယနေ့တို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေ ပရဟိတသာသနာပြုကျောင်းတိုက်၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ရဟန်းခံ၊ ရှင်သာမဏေ ၊ နားသကြမည့် အရာရှိ၊ စစ်သည်၊ မိသားစု ဝင်များ တက်‌ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှ ရဟန်းခံ၊ ရှင်လောင်း၊ နားသကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက ရှင်လောင်းလှည့်လည် ယာဉ်များဖြင့် ခိုလမ်မြို့အတွင်းရှိ တန်ခိုးကြီး ဘုရားပုထိုးစေတီတော်များအား လှည့်လည် ပူဇော်ကြပြီး ချမ်းမြေ့ဂုဏ်ဝေ ပရဟိတသာသနာပြု ကျောင်းတိုက်၌ ရဟန်းခံ၊ ရှင်လောင်းများအား ဆံချခြင်းမင်္ဂလာကို ပြုလုပ်ကြသည်။

ထို့နောက် ရဟန်း၊ ရှင်သာမဏေများ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ချမ်းမြေ့ဂုဏ်ဝေပရဟိတ သာသနာပြုကျောင်းတိုက် ဆရာတော်  ဘဒ္ဒန္ဘဉာဏုတ္တရ အမှူးပြုသော သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရား‌တော်များနာယူကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို သင်္ကန်းစည်းပေးခြင်းနှင့် သာသနာ့ဘောင်သို့ သွတ်သွင်းပေးရာ ရဟန်း ၆၈ ပါး၊ ရှင်သာမဏေ ၃၉ ပါး၊ သီလရှင် ၁၅ ပါး စုစုပေါင်း ၁၂၂ ပါးကို ရဟန်းခံ၊ ရှင်သာမဏေ ၊ နားသမင်္ဂလာ ပြုပေးနိုင်ခဲ့သည်။

          ဆက်လက်၍ ယနေ့တွင် သိမ်ထွက်ရဟန်းသံဃာတော်များအား ချမ်းမြေ့ဂုဏ်ဝေ ပရဟိတ သာသနာပြုကျောင်းတိုက်၌ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သိမ်ဆွမ်းများ လောင်လှူကြပြီး ကျောက်မဲကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုဇာတ အမှူးပြုသော သံဃာတော်များထံမှ ငါးပါးသီလနှင့်ပရိတ်တရားတော်များ နာယူကြကာ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ အလှူငွေများနှင့် နေ့ဆွမ်းဆက် ကပ်လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။