အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ဒဿမအကြိမ် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာ ကျင်းပပြုလုပ်

အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ဒဿမအကြိမ် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော် မင်္ဂလာ ကျင်းပပြုလုပ်

နေပြည်တော်၊ ဧပြီ - ၁၁

          အနောက်တောင်တိုင်းစစ်ဌာနချုပ်၏ ဒဿမအကြိမ် စုပေါင်း ရဟန်းခံ၊ ရှင်ပြု၊ သီလရှင်ဝတ် အလှူတော်မင်္ဂလာကို ဧပြီ ၁၀ ရက်တွင် တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး၊ နိုင်ငံတော်ဩဝါဒါစရိယ နိဂြောဓာရုံ၊ ညောင်ပင်သာကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ ရဟန်းလောင်းများ၊ ရှင်သာမဏေလောင်းများ၊ သီလရှင်လောင်းများ အား ရှင်လောင်းလှည့်လည်၍ သမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး အား လှည့်လည်ပူဇော်ကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ပုသိမ်မြို့၊ မဟာရန်ကင်းတောင်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တသုမန ထံမှ ဆယ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာ တော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကာ သံဃာတော်များ၊ တိုင်းမှူးနှင့် အလှူရှင်များက ရဟန်းလောင်း ၇၄ ပါး၊ ရှင်သာ မဏေလောင်း ၁၂ ပါးနှင့် သီလရှင်လောင်း ၅ ပါး တို့ကို ဆံချမင်္ဂလာပြုလုပ်၍ သာသနာ့ဘောင်သို့ သွတ်သွင်းချီးမြှင့်ပေးကြသည်။

          ဆက်လက်၍ ယနေ့နံနက်ပိုင်းတွင် မဟာရန်ကင်းတောင်ကျောင်းတိုက်၌ သံဃာ တော်များ၊ ဒုလ္လဘ ရဟန်း/သာမဏေများနှင့် သာသနာနွယ်ဝင် သီလရှင်များကို တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သိမ်ဆင်းလောင်း လှူကြပြီး ဩဝါဒါစရိယ နိဂြောဓာရုံ၊ ညောင်ပင်သာကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူ သည့် ပရိတ်တရားတော်များကို နာယူကြသည်။

          ၎င်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများ၊ အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဧရာဝတီ တိုင်းဒေသကြီး သံဃနာယက အဖွဲ့ ဥက္က္ကဋ္ဌ(သုဓမ္မာ)မရမ်းချိုကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော် အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ ဘဒ္ဒန္တသောဘိတ ထံမှ အနုမောဒနာတရားနာယူကာ သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။