PDF အမည်ခံအကြမ်းဖက်သမားများက မင်းကင်းမြို့နယ်၊ မအူကျေးရွာ အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲအား မီးရှို့ဖျက်ဆီး

PDF အမည်ခံအကြမ်းဖက်သမားများက မင်းကင်းမြို့နယ်၊ မအူကျေးရွာ အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်းခွဲအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဧပြီ - ၁၁

အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက် သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုကို ပျက်ပြားစေရန်ရည်ရွယ်ချက်ဖြင့် ရုံးဌာနအဆောက်အဦများ၊ စာသင်ကျောင်း များ၊ အများပြည်သူနေထိုင်လျက်ရှိသော နေအိမ်များ၊ လမ်း၊ တံတားများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ ကျေးရွာများအတွင်း ဝင်ရောက်၍ အဖျက် အမှောင့် လုပ်ရပ်များ လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်း မျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ မအူ ကျေးရွာအတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲအား PDF အမည်ခံ အကြမ်း ဖက်သမားများက ယနေ့နံနက် ၄ နာရီခွဲခန့်တွင် လာရောက် မီးရှို့ဖျက်ဆီးခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးငြိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးမှုကြောင့် တစ်ထပ်ဆောင် စာသင်ကျောင်း ၃ လုံးနှင့် အုပ်ချုပ်မှုအဆောက်အဦ ၃ လုံးတို့ မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မီးရှို့ဖျက်ဆီးခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးနှင့် နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။