စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအနီးရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက် NUG ရုံးအား တိုက်ခိုက်ချေမှုန်း
နေပြည်တော်၊ ဧပြီ -၁၁
NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အနီးတွင် အခြေခံစခန်းတည်ဆောက်၍ စစ်ကိုင်းတိုင်းဒေသ ကြီးနေရာအနှံ့ရှိ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့နှိပ်စက်သတ်ဖြတ်ခြင်း၊ နိုင်ငံ့ဝန် ထမ်းများအား နှိပ်စက်သတ်ဖြတ်ခြင်း၊ ဆေးရုံ၊ ဆေးခန်းများအား ပစ်ခတ်တိုက်ခိုက် ခြင်း၊ စာသင်ကျောင်းများအား Drop Bomb ချခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ဘုန်းကြီး ကျောင်းများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ ၎င်းတို့အားမထောက်ခံသည့် သာသနာ့နွယ်ဝင် ရဟန်းသံဃာများ၊ သီလရှင်များအား ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အပြစ်မဲ့ပြည်သူ ၁၅၉၃ ဦး၊ အုပ်ချုပ်ရေးမှူး ၉၂ ဦး၊ ကျောင်းဆရာ/ဆရာမ ၂၆ ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၁၉၈ ဦး၊ ကျန်းမာရေး ဝန်ထမ်း ၇ ဦးနှင့် အခြားဝန်ထမ်း ၅၄ ဦး၊ ရဟန်းသံဃာ ၂၈ ပါး တို့သေဆုံးခဲ့ရသည်။ ထို့ပြင် စာသင်ကျောင်း ၁၂၄ ကျောင်း၊ ဆေးရုံ ၅ ရုံ၊ ရုံးဌာန အဆောက်အဦ ၁၉၀ ခု၊ ဘုန်းကြီးကျောင်း ၂၀ ကျောင်းနှင့် လူနေအဆောက်အဦ ၂၆၄ လုံးတို့ ဖျက်ဆီးခံခဲ့ ရသည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်မှုလုပ်ရပ်များကို လက်ရဲဇက်ရဲဖြင့် ဥပဒေမဲ့၊ စည်းမဲ့ကမ်းမဲ့ အတင့်ရဲစွာ လုပ်ဆောင်လာပြီး ဒေသခံ ပြည်သူများအပေါ် အကြောက်တရားဖြင့် ဖိနှိပ်မှုများပြုလုပ်လာခဲ့ကာ မတ်လ ၃၀ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ပေါက်ကုန်းကျေးရွာ၌ အပြစ်မဲ့ပြည်သူ ၉ ဦးအား အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်၍ လူနေအိမ် ၆၂ လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး အောင်ပွဲခံမှုများ ပြုလုပ်ခဲ့သည်။ ၎င်းအကြမ်းဖက်သမားများအနေဖြင့် ကန့်ဘလူ မြို့နယ်၊ ပဇီကြီးကျေးရွာအနီးတွင် ၎င်းတို့၏ အကြမ်းဖက်ဌာနချုပ် NUG ရုံးအဖြစ် တည်ဆောက်၍ ဧပြီလ ၁၁ ရက်တွင် ဖွင့်ပွဲပြုလုပ်ရန်ရှိကြောင်း အကြမ်းဖက်မှုကို ရွံမုန်းနေသည့် ဒေသခံပြည်သူအချို့မှ အချိန်နှင့်နေရာအား တိကျစွာ သတင်းပေးပို့ လာခဲ့သည်။
သတင်းပေးပို့ချက်အရ ကျေးရွာနှင့်အကွာအဝေးကို တွက်ချက်ကာ အပြစ်မဲ့ ပြည်သူများ မထိခိုက်စေရေး တပ်မတော်အနေဖြင့် လေကြောင်းမှ အကန့်အသတ် ဖြင့် တိုက်ခိုက်ချေမှုန်းမှုများ ဆောင်ရွက်ခဲ့ရာ PDF ခေါင်းဆောင် သန့်ဇင် နှင့် အကြမ်းဖက်အဖွဲ့ဝင်များ သေဆုံးခဲ့ကြောင်း သိရှိရသည်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်တွင် ၎င်းတို့အဆောက်အဦဖွင့်ပွဲအခမ်းအနား၌ ခင်းကျင်းပြသထားသည့် အကြမ်းဖက်လုပ်ရပ်များဆောင်ရွက်ရာတွင် အသုံးပြုမည့် လက်နက်/ခဲယမ်းများ ထပ်မံပေါက်ကွဲမှုကြောင့် ပြင်းထန်စွာပေါက်ကွဲမှုကြီးများ ဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှု များ ပိုမိုများပြားခဲ့ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ချိန်တွင် ဒေသခံ ကျေးရွာသူ၊ ကျေးရွာသားများအား လူသားတံတိုင်းသဖွယ် အကာအကွယ်ရယူခြင်း၊ ဓားစာခံအဖြစ်အသုံးချခြင်းများ ပြုလုပ်လေ့ရှိပြီး ၎င်းတို့၏လှုပ်ရှားမှုများတွင်လည်း ကျေးရွာမိသားစုများကို အတင်းအဓမ္မပူးပေါင်းပါဝင်ဆောင်ရွက်မှုများ ပြုလုပ်လေ့ ရှိကာ ရွာသားများထိခိုက်သေဆုံးမှုရှိပါက တပ်မတော်အပေါ် မီဒီယာအရ ဝါဒဖြန့်မှု များဖြင့် ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင်လျက်ရှိသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတို့ အတွက် လိုအပ်သည့် သောင်းကျန်းသူချေမှုန်းရေးစစ်ဆင်ရေးများအား ဂျီနီဗာကွန် ဗန်းရှင်း(၄)ရပ်ကိုအခြေခံသော လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict)ပြဋ္ဌန်းချက်များနှင့်အညီ ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက် မှုဆိုင်ရာစည်းမျဉ်း (Rules of Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။